SJ WorldNews - шаблон joomla Авто

အားကစား ရန်ပုံငွေ ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ ကျင်းပ

Saturday, 02 September 2017 09:38 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ 

အားကစား ရန်ပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယနေ့မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသည်။

ရန်ပုံငွေဘောလုံးပွဲတွင် အ.ထ.က(၆)ဗိုလ်တထောင်  ကျောင်းသားဟောင်း ဘောလုံးအသင်းနှင့် Actor Star FC (အနုပညာရှင်များ) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  Actor Star FC အသင်းက  အ.ထ.က(၆) ဗိုလ်တထောင် ကျောင်းသားဟောင်းအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည်။

အ.ထ.က(၆)ဗိုလ်တထောင် ကျောင်းသားဟောင်းများ အသင်းတွင် ကျောင်းသားဟောင်း များစွာပါဝင်ကစားကြပြီး Actor Star FC  အသင်းတွင် ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်၊ မိုးယံဇွန်၊ သူထူးစံ၊ အောင်မြင့်မြတ်၊ ကိုပေါက် နှင့် ဟက်ကက်တို့အပြင် မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း စိုးမြတ်မင်း၊ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် စောငမန်းတို့ ပါဝင်ကစားကြသည်။

ဂီတဖျော်ဖြေပွဲတွင်  KK YOGA အဖွဲ့က YOGA  သရုပ်ပြတင်ဆက်ခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများက ကရာတေး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ကျွမ်းဘားအားကစားဖြင့် သရုပ်ပြခြင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း မင်္ဂလာတောင်ညွန့်မှ ကျောင်းသူလေးများက ပန်းဖွားအကနှင့် ဘင်ခရာသရုပ်ပြသ ဖျော်ဖြေခြင်း၊ ပညာရေးတက္ကသိုလ်  လေ့ကျင့်ရေးကျောင်းသား၊ ကျောင်းသူများ၏ တယောဖျော်ဖြေမှု၊ Fire Dancerကိုအောင်န၏ မီးအကဖျော်ဖြေမှု၊ အ.ထ.က(၆)ဗိုလ်တထောင် ကျောင်းသားဟောင်း အချို့နှင့် ဂီတပညာရှင်အချို့က ပါဝင်သီဆို ဖျော်ဖြေကြကြောင်း သိရသည်။                  

Read 524 times Last modified on Saturday, 02 September 2017 09:40