SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တစ်ဦးတည်းနေရသည်ကိုကြိုက်နှစ်သက်မှု မရှိကြောင်းဆိုလာသည့် ဂျိုလီ

Tuesday, 05 September 2017 09:16 font size decrease font size decrease font size increase font size increase font size

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၎

နာမည်ကြီး ဟောလီးဝုဒ်သရုပ်ဆောင်အိန်ဂျလီနာဂျိုလီက အဖော်ကွဲပြီး တစ်ဦးတည်း နေရ သည်ကိုကြိုက်နှစ်သက်မှုမရှိကြောင်း ပြောကြားလိုက်သည်။

အသက် ၄၂ နှစ်အရွယ်ရှိ ဂျိုလီသည် ပြီးခဲ့သည့်နှစ်က ခင်ပွန်းဖြစ်သူ ဘရက်ပစ်နှင့်လမ်းခွဲ ပြီး နောက် ဒါရိုက်တာတစ်ဦးအဖြစ် ရုပ်ရှင်လောကတွင် ပါဝင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

သို့ရာတွင် အဖော်မရှိဘဲ တစ်ဦးတစ်ယောက်တည်းနေရခြင်းသည် နှစ်လိုဖွယ်မရှိကြောင်းနှင့် ၎င်းအနေဖြင့် တစ်ဦးတည်းနေရသည်ကို ကြိုက်နှစ်သက်မှုမရှိကြောင်း Sunday

Telegraph ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျိုလီကပြောကြားသည်။ဂျိုလီနှင့် ခင်ပွန်း ဟောင်းဘရက်ပစ်တို့နှစ်ဦးသည် Mr. & Mrs. Smith ဇာတ်ကားရိုက် ကူးစဉ် တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး လမ်းမခွဲမီ ၁၂ နှစ်ကြာ အတူတကွနေထိုင်ခဲ့ကြသည်။

၎င်းတို့နှစ်ဦး၏ အိမ်ထောင်ရေးပြတ်စဲပြီးချိန်မှ စ၍ ဂျိုလီမှာ စိတ်ပိုင်းဆိုင်ရာ ခက်ခဲပင်ပန်းခြင်း များနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Read 477 times Last modified on Tuesday, 05 September 2017 09:19