SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လိမ္မော်ရောင် ကောလိပ် ဂီတညအမည်ရှိ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Tuesday, 05 September 2017 09:19 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၎

ရန်ကုန်တက္ကသိုလ်(လှိုင်) ယခင် အမှတ်(၂) ဒေသကောလိပ်၌ ရန်ပုံငွေရှာဖွေရေး ဂီတဖျော် ဖြေ ပွဲ ကျင်းပမည်ဖြစ်ရာ စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌

တေး သံရှင် အများအပြား ပါဝင်သီဆိုဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲတွင Success Music Band အင်ပါရာတီးဝိုင်းတို့နှင့်အတူ တေး သံရှင် ကိုင်ဇာ၊ ဇော်ဝင်းထွဋ်၊ဂျေမောင်မောင်၊ တူးတူး၊ အောင်နိုင်၊ စံလင်း၊ချစ်ကောင်း၊ မာရဇ္ဇ၊ စည် သူလွင်၊ မျိုးကျော့မြိုင်၊ မေဆွိ၊ ဟေမာနေဝင်း၊ ချောစုခင်၊ကော်နီ၊ူဆိုင်းဇီတို့က သီဆို ဖျော် ဖြေကြမည်ဖြစ်ပြီး တက္ကသိုလ်ဘဝအမှတ်တရတေးသီချင်းများ၊ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်မည်ဖြစ်သည်။

''အမှတ်(၂) ဒေသကောလိပ် ရန်ကုန်တိုင်းဒေသကြီးနဲ့ ရန်ကုန်တက္ကသိုလ် (လှိုင်)နယ်မြေတို့ ၂ဝ၁၇ ခုနှစ် အာစရိယပူဇော်ပွဲနဲ့မိတ်ဆုံစားပွဲကျင်းပဖို့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲလုပ်ဖို့ရှိပါတယ်။ ဒီဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၃ ရက် ည ၇ နာရီမှာကျင်းပမှာဖြစ်ပြီး လက်မှတ်တွေကို မကြာခင်မှာရောင်းချပေးမှာပါ''ဟု တေးသံရှင် ကိုင်ဇာကပြောသည်။အဆိုပါ ရန်ပုံငွေဂီတဖျော်ဖြေပွဲ တွင်ကျောင်း သား၊ ကျောင်းသူဟောင်းများနှင့်တခြားသော အနု ပညာ ရှင်များ ပါဝင်အားဖြည့်တင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။

Read 544 times Last modified on Thursday, 07 September 2017 11:06