SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နေခြည်မှာ ရွှေရည်လောင်း ရုပ်ရှင် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ကျော် ထက် အောင်

Tuesday, 05 September 2017 09:27 font size decrease font size decrease font size increase font size increase font size

လတ်တလော ပရိသတ်အားပေးမှုကိုအခိုင်အမာရရှိနေသည့် Myanmar Idol သူ အစီ အစဉ် တင်ဆက်သူ ကျော်ထက်အောင်သည် နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားတွင်

ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။ယင်းဇာတ်ကားတွင် ကျော်ထက်အောင်သည် စာရေးဆရာလယ်တွင်းသားစောချစ်၏ ပန်းမြိုင် လယ် က ဥယျာဉ်မှူးဝတ္ထု၌ပါသည့် ဇာတ်ကောင် စရိုက် အတိုင်း ဝတ်စားဆင်ယင်ပုံစံမှအစ ပီပြင် အောင် သရုပ်ဆောင်ထားကြောင်း သိရသည်။''ကျွန်တော် ဒီဝတ္ထုကို အစအဆုံးသေချာဖတ်တယ်။ ဝတ္ထုထဲက ဇာတ်ကောင် မောင် ငြိမ်းချမ်း အ တွက် မျက် ရည် ကျခဲ့ရတယ်။

ဆရာကြီးလယ်တွင်းသားစောချစ်နဲ့လည်းတိုင်ပင်တယ်။ ဝတ္ထုဖတ်ထားတော့ စပြီးရိုက်က တည်းက မောင်ငြိမ်းချမ်းဖြစ်သွားတယ်။ ဒါကြောင့် ဇာတ်ကောင်စရိုက်အတိုင်းပီပြင်မှုရှိအောင် မျက်ရည် အစစ်နဲ့ပဲသရုပ်ဆောင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ ပါဝင်ပူး ပေါင်းပံ့ပိုးပေးကြသူတွေကိုယ်တိုင်က ရွာသူရွာသားတွေအကုန်ဖြစ်နေကြတာ။ သူတို့ငို တဲ့မျက်နှာကိုကြည့်ပြီး အဲဒါတွေ စိတ်ထဲထည့်ထားတော့ သူတို့နဲ့အတူတူ မျက်ရည်ကျလာ ပါ တယ်''ဟု ကျော်ထက်အောင်ကပြောသည်။

လက်ရှိတွင် ကျော်ထက်အောင်သည် စက်တင်ဘာ ၂ဝ ရက်တွင် အောင်သစ်မင်း ထုတ်လုပ်ရေး နှင့် ဇာတ်ကားရိုက်ကူးရန်ရှိပြီး စက်တင်ဘာ ၁၆ ရက်တွင် စာနယ်ဇင်းအသိ ပေးပွဲ ကျင်း ပမည်ဖြစ် သည်။ ကျော်ထက်အောင်သည် သူငယ်ရုပ်ရှင် ဇာတ်ကားတွင် ပထမဆုံး ပါဝင် သရုပ် ဆောင်ခဲ့ကြောင်း သိရသည်။

Read 526 times Last modified on Tuesday, 05 September 2017 09:29