Print this page

အလှဓာတ်ပုံ ရိုက်ကူးမှုများ ပြုလုပ်နေရသဖြင့် ဖက်ရှင်ကို သေချာပြင်ဆင်မှု ပြုလုပ်သည် ဆိုသည့် သရုပ်ဆောင် အောင်ရဲလင်း

Friday, 30 November 2018 10:55 font size decrease font size decrease font size increase font size increase font size

အမျိုးသမီး ပရိသတ်များ၏  အားပေးမှု အခိုင်အမာ ရရှိထားသည့်   သရုပ်ဆောင် အောင်ရဲလင်းသည် လတ်တလောတွင် အလှဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်နေရသဖြင့် ဖက်ရှင်ပိုင်းဆိုင်ရာ၌ သေချာပြင်ဆင်မှု ပြုလုပ်ရကြောင်း ပြောသည်။

''ဖက်ရှင်နဲ့ပတ်သက်ပြီး နိုင်ငံခြား Website တွေကို ဝင်ကြည့်ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ပုံစံလေးတွေကို မှတ်ထားပြီး ရွေးချယ်ဝတ်ဖြစ်ပါတယ်။  ကျွန်တော်ကိုယ်တိုင်က အဝတ်အစားဝတ်တဲ့အခါ  ဖက်ရှင်အနေနဲ့ ဝတ်ရတာကို  ပိုပြီးကြိုက်တယ်။  ဓာတ်ပုံ တွေဆိုရင်လည်း ဒီလိုပါပဲ။ ဖက်ရှင်တစ်ခုတည်းမှ မဟုတ်ပါဘူး။ နောက်ခံ Back-ground တွေ၊ ဓာတ်ပုံကို အထောက်အပံ့ ပေးမယ့် မီးတွေကအစ သေချာစိစစ်ပြီးမှ ဓာတ်ပုံတစ်ပုံကို ရိုက်တယ်။  ပြီးမှ  သေချာပြင်ဆင်ပြီး ဖေ့ဘွတ်ပေါ်ကို တင်ဖြစ်တာပါ''  ဟု   သရုပ်ဆောင် အောင်ရဲလင်း ကပြောသည်။  

အောင်ရဲလင်းအနေဖြင့် ပရိသတ်များနှင့် အဆက်အသွယ် မပြတ်စေရန် ဖေ့ဘွတ်လူမှု ကွန်ရက် စာမျက်နှာနှင့်   အင်စတာဂရမ် အသုံးပြုရသည်ကို ကြိုက်နှစ်သက်သည် ဟုဆိုသည်။

''ဖေ့ဘွတ်ကို   ဒီတိုင်းပဲကြည့်ပါတယ်။ ဓာတ်ပုံလောက်ပဲ တင်ပါတယ်။    ပြီးရင် ရုပ်ရှင်အနေနဲ့ ကျွန်တော့်ကားကြော်ငြာတွေကို ကြော်ငြာပေးတယ်။ ကျွန်တော်ကြိုက်တဲ့ စာတွေတွေ့ရင် Share တယ်။ သုံးဖြစ်တာ များပါတယ်။ အင်စတာဂရမ်မှာတော့ ပုံတွေ ပိုပြီးတင်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာက ဓာတ်ပုံနဲ့လိုက်တဲ့ ပုံတွေရှိတယ်။  ဖေ့ဘွတ်သုံးရတာကိုလည်း ကြိုက်တယ်။

အင်စတာဂရမ် သုံးရတာလည်းကြိုက်တယ်'' ဟု အောင်ရဲလင်း ကပြောသည်။ လက်ရှိတွင်  အောင်ရဲလင်းအနေဖြင့် ဇာတ်ကားများ   စိစစ်ရိုက်ကူးလျက်ရှိပြီး ဟာသ ဇာတ်ကား ရိုက်ကူးခြင်းကိုပင် သေချာပြင်ဆင်ပြီးမှသာ  ရိုက်ကူး တတ်ကြောင်း သိရသည်။

Read 313 times Last modified on Friday, 30 November 2018 10:56