SJ WorldNews - шаблон joomla Авто

သားချော့တေးကို ကိုယ်တိုင်ခံစား သီဆိုခဲ့တယ်ဆိုတဲ့ ခင်ပိုးပန်းချီ

Wednesday, 26 December 2018 10:32 font size decrease font size decrease font size increase font size increase font size

လိပ်ပြာစံအိမ်   ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ဝင်တေးသီချင်းဖြစ်သည့်  သားချော့တေးကို    ကိုယ်တိုင်ခံစားသီ ဆိုခဲ့ကြောင်း အဆိုတော် ခင်ပိုးပန်းချီကပြောသည်။

အဆိုတော်ခင်ပိုးပန်းချီသည်   ဓမ္မတေး သီချင်းများကို လူမှုကွန်ရက်စာမျက်နှာ၌ သီဆိုလွှင့်တင်ရာမှတစ်ဆင့်  လူသိ များကာ  ပရိသတ်အခိုင်အမာရရှိလာသူဖြစ်သည်။

''ဒီဇာတ်ကားရိုက်ထားတာ   ညီမကိုပြ တယ်။  ဒီဇာတ်ကားအတွက်  ဒီသီချင်းကိုဆိုခဲ့တာပါ။ ဒီသီချင်းက သားချော့တေး ပါ။   သားချော့တေးကို  သရဲကားမှာ ပြန်ဆိုရတာဆိုတော့  ခံစားမှုအပြည့် နဲ့သီဆိုရတာပါ။  ညီမက ဓမ္မတေး သီချင်း တွေ  ဆိုတာများပါတယ်။ အခုလို ဇာတ်ဝင်တေးသီချင်းတွေ ဆိုဖြစ်တာ ဒါပထမဆုံးပါ။ အခက် အခဲကတော့ သိပ်မရှိပါဘူး။ ညီမ အကောင်းဆုံးဖြစ်အောင်ကြိုးစား ပြီးသီဆိုထားပါတယ်။ ရုပ်ရှင်ဇာတ် ကားတစ်ကားလုံးအတွက်    သီချင်း စာသားနဲ့တီးလုံးတွေကအစ   ပေါင်းစပ် လိုက်ရင်   အကောင်းဆုံးသီချင်းဖြစ် သလို   အကောင်းဆုံး ဇာတ်ကား လည်းဖြစ်မှာပါ။ ဒီဇာတ်ကားဇာတ်ဝင်ခန်းကို  သီဆိုတော့ ဇာတ်ကားထဲက ပြည့်ပြည့်ဆိုတဲ့ ကလေး ငယ်နေရာကနေ အဓိက ခံစားပြီးဆိုတာ ပါ။  သူ့အမေက သူ့ကိုလာရှာလိမ့်မယ်ဆိုပြီး  ကလေးတစ်ယောက်က အမေကို  စောင့်မျှော် နေတဲ့ ခံစားချက်နဲ့  သီဆိုထား တာပါ''ဟု ခင်ပိုးပန်းချီကပြောသည်။

ခင်ပိုးပန်းချီအနေဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း  ကိုယ်ပိုင် တေးအယ်လ်ဘမ် ထပ်မံထွက်ရှိရန် ကြိုးစားနေကြောင်း  သိရ သည်။

အမ်အမ်ကေ

Read 517 times Last modified on Wednesday, 26 December 2018 10:33