SJ WorldNews - шаблон joomla Авто

စေတနာ ……….မေတ္တာ …..အကြင်စု ………….သူနာပြုတဲ့ တို့စစ်သည် . .

Thursday, 03 January 2019 08:35 font size decrease font size decrease font size increase font size increase font size

စေတနာ မေတ္တာ အကြင်စု

သူနာပြုတဲ့ တို့စစ်သည် . .

မြန်မာပြည်နေ၊ ပြည်သူတွေကို

ကျန်းမာစေရန်၊ စိတ်ရည်သန်၍

အမှန်ရှိထား၊ ကရုဏာအားဖြင့်

''စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ''တဲ့

ဆေးတပ်ဖွဲ့၏ ဆောင်ပုဒ်စကား

ရှေ့သွားလိုက်နာ၊ မှန်ကန်စွာပင်

''ကျွမ်းကျင်ကူညီ ဆေးစစ်သည်''ဟု

လူထုအားကိုး၊ မေတ္တာတိုးအောင်

စွမ်းဆောင်ကြိုးပမ်း၊ အံ့မခန်းသော

ကရုဏာစွမ်း၊ မေတ္တာစမ်းရေ

ပက်ဖျန်းစိုပြည်၊ ရှိပါစေလိမ့်

တို့လျှင်ကြိုးပမ်း စေတနာစွမ်း...။

တို့လျှင်လျှောက်လှမ်း အကြင်နာလမ်း...။

တို့လျှင်ရည်မှန်း ကျန်းမာကြံ့ခိုင် တိုက်နိုင်စွမ်း...။

သီရိပြည့်စုံမေ

တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့  သင်တန်းအမှတ်စဉ် (၁၆)နှင့် အမျိုးသမီး သူနာပြု သိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၃) သင်တန်း ဆင်းပွဲသို့ ဂုဏ်ပြု ရေးဖွဲ့သည်။  

 

                                    

Read 447 times Last modified on Thursday, 03 January 2019 08:47