SJ WorldNews - шаблон joomla Авто

၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား၌ အကယ်ဒမီဆု ၁၁ ဆုမှ ၁၃ ဆုအထိ ချီးမြှင့်ရန်ရှိ

Tuesday, 08 January 2019 09:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇန်နဝါရီ   

၂ဝ၁၈ ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယခုနှစ် မတ်လတွင် ကျင်းပမည်ဖြစ်ပြီး အကယ်ဒမီဆု ၁၁ ဆုမှ ၁၃ ဆုအထိ ချီးမြှင့်ရန် ရှိကြောင်း မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းထံမှ သိရသည်။

''ဒီနှစ်အတွက်    အကယ်ဒမီဆုကို ပညာရပ် ၁၁ မျိုးအတွက် ၁၁ ဆု သတ်မှတ်ထားပါတယ်။  မနှစ်ကချီးမြှင့်သလိုပဲ ချီးမြှင့်ခဲ့မယ်ဆိုရင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုဆိုပြီး  ဆုတစ်ဆုထပ်ချီးမြှင့်ဖို့ ရှိပါတယ်။ 

ဒါ့ပြင် ပုံမှန်မချီးမြှင့်နိုင်သေးတဲ့ ပညာရပ်တွေဖြစ်တဲ့ မိတ်ကပ်၊ကလေးသရုပ်ဆောင် ဆုတွေကို အထူးဆုအနေနဲ့  ချီးမြှင့်မှာဖြစ်ပါတယ်။  ဒါကြောင့်  ဘယ်နှဆုလောက် ချီးမြှင့်ဖြစ်မလဲဆိုတာ ခန့်မှန်းနေတုန်းပါ'' ဟု ဦးဇင်ဝိုင်း ကပြောသည်။

ယခုနှစ်အတွက်  အကယ်ဒမီ ရွေးချယ်မည့် ဇာတ်ကားမှာ  ၈၃ ကားရှိပြီး လက်ရှိတွင် အကယ်ဒမီဆုပေးရန် ကြည့်ရှုနေသည့် ဇာတ်ကားမှာ ၃ဝ ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့   လက်ရှိကိုင်စွဲထားတဲ့ စည်းမျဉ်းစည်းကမ်းကတော့ ၂ဝ၁၂/ ၂ဝ၁၃ ခုနှစ်မှာ  ရုပ်ရှင်လောကသားပေါင်း  ၁၈ဝ၊ ၂ဝဝ လောက်က   ညှိနှိုင်းပြီးရေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ လေးနှစ်လောက် အကယ်ဒမီဆုကို ချီးမြှင့်ပြီးတဲ့ အခါမှာ  လိုအပ်ချက်တွေ  သုံးသပ်မိပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့သုံးသပ်မှုနဲ့ ရုပ်ရှင်လောကသားတွေ တင်ပြလာတဲ့ အကြံပြုချက်တွေ ပေါင်းစပ်ပြီး  အကယ်ဒမီ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်သုံးသပ် ရေးဆွဲရေးကော်မတီ ဖွဲ့စည်းထားပါတယ်'' ဟု ဦးဇင်ဝိုင်း ကပြောသည်။

အဆိုပါကော်မတီတွင်  လူဦးရေ ၁၅ဝ ခန့် ပါဝင်ပြီး (၂၁) ကြိမ် ဆွေးနွေးပြီးမှသာ ဖြုတ်သင့်သည်ကိုဖြုတ်၊  ဖြည့်သင့်သည်ကို ဖြည့်ကာ  အားလုံးပြုစုပြီးမှ ပြန်လည်ရေးဆွဲခြင်း ဖြစ်ကြောင်း၊ အတည်ပြုထားသည့် အချက်ပေါင်း ၁၇၈ ချက်ပြုစုထားပြီး ယင်းစည်းမျဉ်းစည်းကမ်းအတိုင်း ရေးကာ ယခုနှစ်တွင် အကယ်ဒမီဆုကို ရွေးချယ်စိစစ်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

Read 372 times Last modified on Tuesday, 08 January 2019 09:11