SJ WorldNews - шаблон joomla Авто

ထွက်ရှိမယ့် တစ်ကိုယ်တော် အယ်လ်ဘမ်မှာ တွေ့ကြုံခဲ့ရတာတွေကို သီဆိုထားတယ်ဆိုတဲ့ ရဲရင့်အောင်

Tuesday, 08 January 2019 09:24 font size decrease font size decrease font size increase font size increase font size

အဆိုတော် ရဲရင့်အောင်အနေဖြင့် တွေ့ကြုံခဲ့ရသည့်  အဖြစ်အပျက်များကို ရေးသားသီဆိုထားသော သီချင်းများ ပါဝင်သည့်  တစ်ကိုယ်တော်အယ်လ်ဘမ် ယခုနှစ်အတွင်း ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

''သရုပ်ဆောင်တာရော  သီချင်းဆိုတာပါ နှစ်ခုစလုံးက ကျွန်တော့်အနေနဲ့ ဖြတ်သန်းရတာ အခုထိခက်ခဲနေဆဲပါပဲ။ တစ်ကိုယ်တော် အခွေထွက်ဖို့ လုပ်နေတာကြာပါပြီ။ ဒီအခွေထဲမှာ  အလွမ်းအဆွေးတွေ ပါမယ်၊ အချစ်သီချင်းတွေ ပါမယ်၊ ဘဝနဲ့ ဆိုင်တာတွေပါမယ်။ဘဝနဲ့ဆိုင်တာဆိုတာက   ကြီးကြီးမားမား မဟုတ်ပါဘူး။  ခွန်အားပေးတာတွေ မဟုတ်ပါဘူး။ များသောအားဖြင့်   ကျွန်တော်တွေ့ကြုံရတာတွေကို ထည့်ပြီးဆိုမှာပါ။ အချစ်သီချင်း အတော်များများက ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး အသိပေးထားတာတွေပါပဲ။ သီချင်းတွေကို ပြန်နားထောင်လိုက်တဲ့ အခါကျရင်   ငါမှားတော့မယ်ဆိုတဲ့ အချိန်တိုင်း  အသိတရား ပြန်ဝင်တဲ့ ပုံစံမျိုးတွေပါ။   လက်ရှိ ကျွန်တော့်အချစ်ရေးကတော့  အေးဆေးဖြစ်သွားပါပြီ။ကျွန်တော် တို့နှစ်ယောက် ပြန်ပြီးသင့်မြတ်သွားကြပါပြီ။ စိတ်ဆိုးတဲ့ အချိန်ခဏလေးပါပဲ။ ကျွန်တော့်ကောင်မလေးကို သေချာနားလည်အောင်လို့  ပြောဆိုပြီး  အဆင်ပြေသွားကြတာပါ''  ဟု ရဲရင့်အောင် ကပြောသည်။

ရဲရင့်အောင်အနေဖြင့် ငါ့ကိုနမ်းတဲ့မုန်တိုင်း ဇာတ်ကားတွင်  သရုပ်ဆောင်မှု ပီပြင်ခြင်းကြောင့် လက်ရှိတွင် ဇာတ်ကားအများအပြား ရိုက်ကူးခွင့် ရလာကြောင်း သိရသည်။

Read 465 times Last modified on Tuesday, 08 January 2019 09:25