SJ WorldNews - шаблон joomla Авто

ယခုလအတွင်း တစ်ကိုယ်တော် အခွေသစ်ထွက်ရှိရန် စီစဉ်နေသည့် ခင်စုစုနိုင်

Tuesday, 08 January 2019 09:29 font size decrease font size decrease font size increase font size increase font size

တေးသံရှင်  ခင်စုစုနိုင်သည်  ယခုလအတွင်း တစ်ကိုယ်တော် အခွေသစ်ထွက်ရှိရန် စီစဉ်နေကြောင်း သိရသည်။

အခွေသစ်ကို မူလက ၂ဝ၁၈ ခုနှစ် ဒီဇင် ဘာလအတွင်း ဖြန့်ချိရန်   မျှော်မှန်းထားသော်လည်း လိုအပ်ချက်များ ရှိနေသေးသည့် အတွက် ယခုလအတွင်းမှ ထွက်ရှိရန် စီစဉ်ရခြင်းဖြစ်ပြီး  ယင်းအခွေတွင်   သီချင်းပုဒ်ရေ ၁၁ ပုဒ်ထည့် သွင်းရန်  စီစဉ်ထားကြောင်း သိရသည်။

''ဒီလထဲတော့ ထွက်ဖြစ်ဖို့ မှန်းထားပါတယ်။  အခွေ Title က  သုံးမျိုးလောက် စဉ်းစားထားတယ်။ အခွေထဲပါမယ့် သီချင်းကို  ပရိသတ်တွေအတွက်   အွန်လိုင်းကနေ  Live လွှင့်ပေးဖို့လည်း  မှန်းထားပါတယ်။

ဒီရက်ထဲ မအားလပ်တာတွေကြောင့် လောလောဆယ်  ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ညီမအနေနဲ့  အခွေမထုတ်ဖြစ်တာ နှစ်နှစ်လောက်တော့ ရှိသွားပါပြီ။ ဒါကြောင့်လည်း အခုတစ်ကိုယ်တော် အခွေထုတ်နိုင်ဖို့  ကြိုးပမ်းနေတာပါ။  ပရိသတ်တွေအနေနဲ့  ညီမရဲ့တေးသီချင်းတွေကို အားပေးနားဆင်ကြပါဦး''  ဟု ခင်စုစုနိုင် ကပြောသည်။

သူမသည် ချစ်မြဲအတိုင်းချစ်မယ်၊ ငါ့ဘဝ ငါ့အိန်ဂျယ်  စသည့် တေးသီချင်းများဖြင့် ပရိသတ် အသိအမှတ်ပြုမှုကို ခံရသူဖြစ်သလို မကြာမီထွက်ရှိရန် ပြင်ဆင်နေသည့် အခွေမှာ  သူမ၏  တတိယမြောက် အခွေဖြစ်သည်။

ထို့ပြင်  ယခုကာလအတွင်း သူမကို နယ်ရှိုးပွဲများအတွက်   ကမ်းလှမ်းမှုများ ရှိလာသဖြင့် သွားရောက်ဖျော်ဖြေရန် ပြင်ဆင်နေကြောင်း သိရသည်။

Read 341 times Last modified on Tuesday, 08 January 2019 09:30