SJ WorldNews - шаблон joomla Авто

အဆိုတော်များ ဘဝမှတ်တိုင်တစ်ခု ကျန်ရှိစေရန် အယ်လ်ဘမ် ထုတ်သင့်ကြောင်း တိုက်တွန်းလိုက်သည့် အဆိုတော် Rဇာနည်

Monday, 11 February 2019 09:33 font size decrease font size decrease font size increase font size increase font size

ဂီတအနုပညာလောကရှိ  အဆိုတော်များအနေဖြင့် ဂီတမှတ်တိုင်တစ်ခု ကျန်ရှိစေရန် အယ်လ်ဘမ်များ ထုတ်သင့်ကြောင်း အဆိုတော် Rဇာနည်က ပြောသည်။

''ကျွန်တော်က  အယ်လ်ဘမ်ထုတ်ရင် ရောင်းရလား၊ မရောင်းရဘူးလားဆိုတာ မစဉ်းစားဘူး။ ကိုယ့်ရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ အယ်လ်ဘမ်ထုတ်မယ်ဆိုရင် အားလုံးကို ထုတ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါတွေက ကိုယ့်ဘဝရဲ့ အမှတ်တရတွေပါပဲ။ကိုယ့် အခွေနှစ်ခွေထွက်ရင် နှစ်ခွေက အမှတ်တရ ကျန်ရစ်မယ်'' ဟု Rဇာနည်ကပြောသည်။

ဂီတအနုပညာလောကတွင်   တစိုက်မတ်မတ်နှင့်  စိတ်ဝင်တစား လုပ်ကိုင်ပါက အောင်မြင်နိုင်ပြီး ပေါ်ပင်လုပ်ကိုင်ပါက  ရေရှည်အတွက်   အဆင်မပြေနိုင်ကြောင်းကို ''သဘောတစ်ခု ပြောရမယ်ဆိုရင်  ကျွန်တော်က ဝါသနာအရ သီချင်းဆိုတာပါ။ အခုမှ လာပြီး  သီချင်းဆိုပြီး စီးပွားရှာမယ်ဆိုတဲ့ ပုံစံမျိုးလုပ်မယ်ဆိုရင်  အကြံဉာဏ်တစ်ခု ပေးချင်ပါတယ်။ ကိုယ်ဝါသနာပါလို့လုပ်ရင် ဘယ်လိုနည်းလမ်းနဲ့ အဆင်ပြေအောင် လုပ်မယ်ဆိုတာကို  အရင်တွေးပြီးတော့မှ လုပ်စေချင်ပါတယ်'' ဟု Rဇာနည်ကပြောသည်။

၂ဝ၁၉ ခုနှစ်အတွင်း Rဇာနည်၏  စီးရီး အခွေတစ်ခွေ ထွက်ရှိမည်ဖြစ်ပြီး   လက်ရှိတွင်  ယင်းအခွေအတွက်  အတီးပိုင်းများ အဆင်သင့်ဖြစ်၍ အဆိုပိုင်းကို ဆက်လက် လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုတော် Rဇာနည်သည်  လက်ရှိတွင် ပွင့်လင်းရာသီဖြစ်၍ ပွဲများဆိုနေရပြီး The Voice Myanmar ပြိုင်ပွဲတွင်  ဒိုင်အဖြစ် လုပ်ကိုင်ချိန်တွင် ပြိုင်ပွဲဝင်များအား အနုပညာလောကတွင် မည်ကဲ့သို့ဖြတ်သန်းရမည်ကို စိတ်ပိုင်းဆိုင်ရာ အနေဖြင့် အကောင်းဆုံး ဖြန့်ဝေပေးနေကြောင်း သိရသည်။

Read 182 times Last modified on Monday, 11 February 2019 09:34