SJ WorldNews - шаблон joomla Авто

မုန်းစွဲရုပ်ရှင် ဇာတ်ကားအတွက် အကယ်ဒမီ ရင်ခုန်မှုကို ခေတ္တရပ်ထားသည့် အကယ်ဒမီ ဖွေးဖွေး

Monday, 11 February 2019 09:45 font size decrease font size decrease font size increase font size increase font size

မကြာမီကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု  အကယ်ဒမီပေးပွဲတွင် မုန်းစွဲရုပ်ရှင်ဇာတ်ကား ပါဝင်သဖြင့် ပရိသတ်များက  အကယ်ဒမီ ဖွေးဖွေးကို   မုန်းစွဲရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီ ထပ်မံရရှိနိုင်သည်ဟု  ထင်ကြေးပေးသည်ကို ကျေးဇူးတင်သော်လည်း   အကယ်ဒမီ ရင်ခုန်မှုကို  ခေတ္တရပ်နားထားကြောင်း  အကယ်ဒမီ ဖွေးဖွေးက ပြောသည်။

''အကယ်ဒမီအကြောင်းကို တွေးလိုက်မယ်ဆိုရင် စိတ်ကိုရပ်ရပ်လိုက်တယ်။ရင်တော့ခုန်ပါတယ်။ ဖွေးက တစ်ခုခုကို  မျှော်လင့်နေရတာမျိုး မဖြစ်ချင်ဘူး။ ကိုယ်လုပ်စရာရှိတာတွေကို  အကောင်းဆုံး ကြိုးစားမယ်''  ဟု အကယ်ဒမီဖွေးဖွေး ကပြောသည်။

ဖွေးဖွေးသည် မုန်းစွဲရုပ်ရှင် ဇာတ်ကားတွင် အသက် ၅၄ နှစ် ဝန်းကျင်အရွယ်  အမေအခန်းက ပထမဆုံးအကြိမ်  ရိုက်ကူးထားခြင်းဖြစ်ပြီး အဝတ်အစား၊မိတ်ကပ်နှင့် ခန္ဓာကိုယ် အချိုးအစားမှစ၍   ဂရုတစိုက်ပြင်ဆင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

''အမေဇာတ်ကောင်အတွက် ဝိတ်နည်းနည်း လျှော့ရတယ်။ခါးတွေကို ဖော့တွေနဲ့ တုတ်အောင် လုပ်ရတယ်။ နောက်ပြီး မိတ်ကပ်၊ ဆံပင်ပိုင်းနဲ့  အဝတ်အစား အပိုင်းတွေကို  ပြင်ဆင်ရတယ်။   ၅၄ နှစ်ဝန်းကျင် ၅၆ နှစ်ပုံစံပေါ့။ အဲဒီအရွယ် အိုက်တင်တွေက  အဖွားကြီး လို အရမ်းမနှေးဘူး။   အမေအခန်းက  သရုပ်ဆောင်တာ ကိုယ့်ကိုယ်ကိုယ် ပထမဆုံး မြင်ဖူးတာဆိုတော့ ထူးထူးဆန်းဆန်းတော့ ဖြစ်တယ်''  ဟု  အကယ်ဒမီဖွေးဖွေး ကပြောသည်။

လက်ရှိတွင်  အကယ်ဒမီဖွေးဖွေးသည် ကြော်ငြာများရိုက်ကူးရန် လက်ခံထားပြီး ၂ဝ၁၉  ခုနှစ်အတွင်း  ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှု များပြားကြောင်း သိရသည်။                                    

Read 351 times Last modified on Monday, 11 February 2019 09:46