SJ WorldNews - шаблон joomla Авто

မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ကြည့်ရှုနိုင်မည့် Pay Par View HD ရုပ်သံလိုင်းသစ် မိတ်ဆက်

Monday, 03 June 2019 09:22 font size decrease font size decrease font size increase font size increase font size

ရွှေသံလွင်မီဒီယာ Sky Net ၏ ရတနာဘုမ္မိ Film Company မှ  မြန်မာရုပ်ရှင် ဇာတ်ကားသစ်များ ထုတ်လွှင့်မည့် Pay Par View HD ရုပ်သံလိုင်းသစ် မိတ်ဆက်ပွဲကို ဇွန် ၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အမှာစကား ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊   ရွှေသံလွင်မီဒီယာကုမ္ပဏီ နာယက  ဒေါက်တာဒေါ်နီနီနှင့်  မြန်မာနိုင်ငံ သဘင်အစည်းအရုံး    ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းတို့က Sky Net Cinema (PPV) Logoကို   စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။  ထို့နောက်  PPV တွင်   ပြသမည့် ရုပ်ရှင်ဇာတ်ကားများနှင့် စပ်လျဉ်း၍  ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်  Entertainment ၏   Executive   Director ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရှင်းလင်းပြောကြားသည်။

''မနှစ်က ဇာတ်ကားတွေ အများကြီးရိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုံမတင်နိုင်ပါဘူး။

ရုံတင်ဖို့တန်းစီစောင့်ရတယ်။   အဲဒီလိုပဲ ဗီဒီယိုကလည်း တစ်ဖက်က ကျဆင်းနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့အတွက်  ထွက်ပေါက်တစ်ခုအနေနဲ့  Pay Par View ကို လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့က ကောင်းတဲ့ ရသကိုပဲ  ပရိသတ်တွေကို ပေးချင်ပါတယ်'' ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြောသည်။

Pay  Par View  Channel ကို Sky Net၏   ရုပ်သံဖမ်းစက်မှ ကြည့်ရှုနိုင်ပြီး ရုံမတင်ရသေးသည့် ဇာတ်ကားများ အပါအဝင် ရုပ်ရှင်ဇာတ်ကားသစ်များအား တစ်ပတ်လျှင် တစ်ကားနှုန်းကို  ငွေကျပ် ၁ဝဝဝ ပေးသွင်းကာ တစ်လလေးကား ဝယ်ယူကြည့်ရှုနိုင်မည် ဖြစ်သည်။  အဆိုပါ အစီအစဉ်အတွက်  OK Doller ၊ ရွှေဘဏ်၏  Mobile  Banking မြို့နယ်အသီးသီးရှိ Sky Net ဆိုင်ခွဲများ၌ ငွေပေးသွင်းပြီး  ကြည့်ရှုနိုင်ကြောင်း  သိရသည်။

ထို့ပြင်  Pay  Par View Channel မှ ထုတ်လွှင့်ပြသသည့် ရုပ်ရှင်ဇာတ်ကားများကို နှစ်စဉ် နိုင်ငံတကာ ရုပ်ရှင်အတတ်ပညာရှင်များက  အကဲဖြတ်ကာ Gold  Award ဆု ချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။

Read 700 times Last modified on Thursday, 04 July 2019 10:32