SJ WorldNews - шаблон joomla Авто

Miss Myanmar International 2019 အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်

Wednesday, 12 June 2019 09:43 font size decrease font size decrease font size increase font size increase font size

(၈)ကြိမ်မြောက် ကျင်းပမည့် Miss Myanmar International 2019 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်လျက်ရှိကြောင်း  ပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦးစည်သူဟိန်း၏ ပြောပြချက်အရ သိရသည်။

''အရင်နှစ်တွေက အသက် ၁၈ နှစ်ကနေ အသက် ၂၅ နှစ်အထိ သတ်မှတ်ထားပေမယ့် ဒီနှစ်မှာ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ  ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ အိမ်ထောင်မရှိသူ၊ အပျိုဖြစ်ရမယ်၊ အရပ် ၅ ပေနဲ့ ၅ လက်မ အနည်းဆုံးရှိရမယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံရှိရမယ်။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာ၊ အင်္ဂလိပ်စကား အသင့်အတင့် ပြောဆိုနိုင်ရမယ်၊ ရုပ်ရည်ချောမောသူ ဖြစ်ရပါမယ်။ ကချင်ပြည်နယ် အနီးတစ်ဝိုက်က ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့   တိုင်းရင်းသူတွေ အနေနဲ့  Ah Brang နဲ့  ဆက်သွယ်နိုင်ပါတယ်'' ဟု ဦးစည်သူဟိန်း ကပြောသည်။

အဆိုပါပြိုင်ပွဲအတွက် လူရွေးချယ်ပွဲကို ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် လင့်(ခ်)လမ်းနှင့် ဓမ္မစေတီလမ်းထောင့် တိုင်းလင့်(ခ်) ကွန်ဒို အခန်း(ဘီ-ဝ၉)ရှိ Stellar Seven Enter tainmentရုံး၊  ဇွန် ၂၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး   မဟာအောင်မြေမြို့နယ်  အမှတ်(၅၆၂) ၇၈ လမ်း ၃၇x ၃၈ လမ်းကြား ဟေမမာလာတောင်ရပ်ကွက်ရှိ  Hotel  Mandalay (နှင်းဆီဖြူခန်းမ)၊ ဇွန်၂၇ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့  အမှတ်(၅၁) ဗိုလ်ချူပ်အောင်ဆန်းလမ်း ကျောင်းကြီးစုရပ်ကွက်ရှိ   ရှမ်းစာပေနှင့် ရှမ်းယဉ်ကျေးမှုဌာနတို့၌ လာရောက်ပြိုင်ပွဲ ဝင်နိုင်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဇူလိုင်လဒုတိယပတ်မှ သြဂုတ်လပထမပတ်အထိ     စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ် ၁၄ ရက်တွင် Miss Myanmar International 2019  Grand  Final ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 Winner ဆုရရှိသူ အနေဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည့် Miss International 2019ကို သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သိရသည်။                     

Read 597 times Last modified on Wednesday, 12 June 2019 09:44