SJ WorldNews - шаблон joomla Авто

ဖယ်ခုံမြို့၌ Miss & Mrs Summer Global Myanmar 2019(Pekhon) ပြိုင်ပွဲကျင်းပ

Monday, 07 October 2019 10:46 font size decrease font size decrease font size increase font size increase font size

တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်၌ Miss & Mrs Summer Global Myanmar 2019(Pekhon)ပြိုင်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက မြို့နယ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင် အလှမယ်များက Open Dancer အကဖြင့် ဖျော်ဖြေပြီး တစ်ဦးချင်း မိတ်ဆက်ကြသည်။  ပြိုင်ပွဲတွင် Miss ပြိုင်ပွဲဝင် ငါးဦးနှင့် Mrs ပြိုင်ပွဲဝင် ၁၁ ဦး စုစုပေါင်း ၁၆ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်၍ City Director မဇင်မာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်များက မြန်မာ၊ တိုင်းရင်းသားဝတ်စုံ၊ ညနေခင်းဝတ်စုံဖြင့် ပါဝင် ယှဉ်ပြိုင်ကြသည်။

Miss & Mrs Summer Global Myanmar 2019(Pekhon) ပြိုင်ပွဲတွင် Miss & Mrs တစ်ခုချင်းစီအတွက် Winner ဆုများ၊ People  Choice  ဆု၊ Confident   ဆု၊ Style ဆု၊ Photo ဆု၊ Smile ဆု၊ Skin ဆု၊ Popular ဆုနှင့် Walk ဆု စသည်ဖြင့် ဆုရရှိသူများအား ဆုပေးအပ်ရာ Winner  ဆုကို သွယ်ဖူးအောင်က လည်းကောင်း၊  Mrs Winner ဆုကို စုမြတ်စန္ဒီကလည်းကောင်း    အသီးသီး ရရှိကြကြောင်း သိရသည်။

Read 72 times Last modified on Monday, 07 October 2019 10:50