SJ WorldNews - шаблон joomla Авто

ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် စိုင်းစိုင်းခမ်းလှိုင်

Thursday, 17 October 2019 09:21 font size decrease font size decrease font size increase font size increase font size

ဒါရိုက်တာအကယ်ဒမီ သြရသရိုက်ကူး မည့်    ကောင်းကင်မရှိတဲ့ကြယ်  ရုပ်ရှင်ဇာတ်ကားတွင်  ပရိသတ်မမြင်ဖူးသေးသည့် ကာရိုက်တာဖြင့် ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း စိုင်းစိုင်းခမ်းလှိုင်ကပြော သည်။

''ဇာတ်ကားတစ်ခုကို မရိုက်ခင်မှာ ကိုယ်တိုင်ပြန်ကြည့်ချင်တဲ့ ဇာတ်လမ်း ဟုတ်ရဲ့လားဆိုတာ အရင်ရွေးချယ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ကြိုက်နှစ်သက်လို့    လက်ခံရိုက်ကူးဖြစ်တာပါ။ ဇာတ်ညွှန်းဖတ်နေချိန်မှာ  စိတ်လှုပ်ရှားစရာ အပြည့်ရှိပါတယ်။ဒီဇာတ်ကားထဲမှာ  ဇာတ်ကောင်တွေ အများကြီး ပါဝင်ပါတယ်။  ဒီဇာတ်ကောင် အများကြီးထဲက  ကျွန်တော်ပါဝင် ရမယ့် ဇာတ်ကောင်က     စိန်ခေါ်မှုတွေ အများကြီးရှိတဲ့ ဇာတ်ကောင်ဖြစ်နေတယ်။ ရင်ခုန်စရာလည်း ကောင်းသလို  ဒီဇာတ်ကောင်အတွက် ပြင်ဆင်စရာ၊ အားထုတ်စရာတွေလည်း ရှိတယ်။   ကျွန်တော်နဲ့ လိုက်ဖက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားမှာ ပါဝင်ရတာဖြစ် ပါတယ်။ ဒီဇာတ်ကားထဲမှာ နိုင်ငံတကာ အတတ်ပညာရှင်တွေပါသလို ထိုင်းနဲ့ ဂျပန်နိုင်ငံတို့က အနုပညာရှင်တွေ၊ မြန်မာနိုင်ငံက နိုင်ငံကျော် အနုပညာရှင်တွေလည်း  ပါဝင်မှာဖြစ်ပါတယ်။  ဒါကြောင့် ဒီဇာတ်ကားမှာ ပါဝင်ရတာ  ရင်ခုန်တယ်၊   စိတ်လှုပ်ရှားတယ်။  ကျွန်တော့်အနေနဲ့ အကောင်းဆုံး ကြိုးစားပါမယ်။ အခုကတော့   ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထား၊ အမူအရာတွေကို   လေ့လာနေပါတယ်။  ဇာတ်ကောင် တစ်ယောက်တည်းနဲ့   စိတ်ခံစားမှု နှစ်မျိုး၊ သုံးမျိုး သရုပ်ဆောင်ရမှာဖြစ်တာကြောင့်   လေ့လာပြင်ဆင်နေပါတယ်''ဟု   စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အဆိုပါရုပ်ရှင် ဇာတ်ကားသည် ၁၉၄၅ ခုနှစ်  ဝန်းကျင်ကို   အခြေခံပြီး ဖန်တီး ရိုက်ကူးမည့် ဇာတ်ကားဖြစ်သောကြောင့် ဇာတ်ကားတွင် ပါဝင်သော သရုပ်ဆောင်များ အတွက်သာမက ကြည့်ရှုသူပရိသတ်များ အတွက်ပါ ထူးခြားစေမည်ဖြစ်သည်။

မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ အနုပညာရှင်များ ပါဝင်သရုပ်ဆောင်မည့် ကောင်းကင်မရှိတဲ့ကြယ် ရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီနေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊   အကယ်ဒမီထွန်းထွန်း၊ဟိန်းထက်၊ အကယ်ဒမီ  အေးမြတ်သူ၊  မိုးစက်ဝိုင်၊ နွယ်ဒါလီထွန်း၊ ထိုင်းသရုပ်ဆောင် Ken Phu Phoom Pongpanu ၊ Korn  Kang ၊   ထိုင်းမင်းသမီး Smile Parada နှင့် ဂျပန် မင်းသမီး Takei Emi တို့ ပါဝင်မည်ဖြစ်ကြောင်း  သိရသည်။

Read 50 times Last modified on Thursday, 17 October 2019 09:22