SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အာဆီယံ နိုင်ငံများ၏ ရိုးရာအက ပြိုင်ပွဲကျင်းပ

Tuesday, 08 August 2017 10:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၇

ဒေသတွင်း နိုင်ငံများ၏ အာဆီယံ ထူထောင်သည့် နှစ် (၅ဝ) ပြည့် ရွှေရတု အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဝင်ရောက်သည့် နှစ် (၂ဝ) ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် အာဆီယံ နိုင်ငံများ၏ ရိုးရာအကပြိုင်ပွဲ (ASEAN Traditional Dance Competition )ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပသည်။

ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အာဆီယံနိုင်ငံများ ကိုယ်စားပြု သံအမတ်ကြီးများက အာဆီယံနိုင်ငံများ၏  ရိုးရာအကပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ဂီတပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများက ASEAN Anthem သီချင်းဖြင့် သီဆိုကြရာ ပွဲတော်သို့ တက်ရောက်လာကြသော တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ သံတမန်များနှင့် ဧည့်သည်တော်များက ခေတ္တ မတ်တတ် ရပ်ကာ အရိုအသေ ပြုကြပြီး ပွဲတော်ကို ဆက်လက် အားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ၂ဝ၁၇ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသော ဖိလစ်ပိုင် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီး H.E.Mr.Eduardo E.Kapunal , Jr တို့က ပွဲတော်ကျင်းပရခြင်း အပေါ် ဝမ်းမြောက်စကားများ ပြောကြားပြီး ထိုနေ့ပြိုင်ပွဲတွင် ဒေသတွင်းအာဆီယံ ၁ဝ နိုင်ငံမှ ရိုးရာသီချင်းများနှင့် အကပြိုင်ပွဲ ဖျော်ဖြေတင်ဆက်မှု များကို တစ်နိုင်ငံလျှင် သုံးဦးစီဖြင့် နိုင်ငံအလိုက် ရိုးရာအကများကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်၊မန္တလေး)နှင့် အနုပညာ အထက်တန်း ကျောင်းများမှ ကျောင်းသူ ၃ဝ ဦးတို့က သီဆိုဖျော်ဖြေ တင်ဆက်ကာ ပြိုင်ပွဲဝင်ကြသည်။

''မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့တော့ မှုံရွှေရည် တေးသီချင်းကိုသီဆိုပြီး မြန်မာ့ရိုးရာ အကနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒီပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အနုပညာ တက္ကသိုလ်နဲ့ အထက်တန်းကျောင်းက ကျောင်းသူတွေက သူများနိုင်ငံက ရိုးရာဓလေ့ အကတွေ၊ တေးသီချင်းတွေကို ကြိုးကြိုးစားစားနဲ့ သီဆိုယှဉ်ပြိုင်ကြမှာပါ။ သူတို့က အနုပညာတွေ သင်ယူနေတဲ့ မျိုးဆက်သစ်တွေပါ။ သူတို့အနေနဲ့ တခြားနိုင်ငံတွေရဲ့ရိုးရာယဉ်ကျေးမှု တွေကို  သိရှိခွင့်ရပြီး နိုင်ငံအတွက်လည်း အကျိုးရှိစေမှာပါ'' ဟု အကဲဖြတ်အမှတ်ပေး ဆပ်ကော်မတီ ဥက္ကဋ္ဌ  ဦးခိုင်ထွန်း (ပါမောက္ခ ဌာနမှူး သဘင်ပညာဌာန အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်))ကပြောသည်။

ပြိုင်ပွဲတွင် အာဆီယံ ၁ဝ နိုင်ငံကိုယ်စားပြု အကမယ်လေးများက နိုင်ငံအလိုက် ရိုးရာ အကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပုံသဏ္ဌာန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပုံဖော်ကပြနိုင်ခြင်း၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ တေးသီချင်းအလိုက် ညီညာစွာ သရုပ်ဖော်နိုင်မှု၊ ခန္ဓာကိုယ် အချိုးအစား၊ မျက်နှာသွင်ပြင် ချောမောပြေပြစ်မှု၊ ပြိုင်ပွဲ၏ ကိုယ်ပိုင် အနုပညာ အရည်အသွေး ကောင်းမွန်မှုတို့ကို အကဲဖြတ် အမှတ်ပေးပြီး ပထမ၊ ဒုတိယ၊ တတိယ နိုင်ငံသုံးနိုင်ငံအား ရွေးချယ်အမှတ်ပေးပြီး ဆုများချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

Read 669 times Last modified on Tuesday, 08 August 2017 10:22