SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Galaxy Star သီချင်းဆို ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် ၁ဝ ဦးကို တရားဝင်မိတ်ဆက်

Tuesday, 08 August 2017 10:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၇

တောင်ကိုရီးယား နိုင်ငံ၌ လေ့ကျင့်သင်ကြားမှု ပြုလုပ်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော Galaxy Star သီချင်းဆို ပြိုင်ပွဲမှ နောက်ဆုံး အဆင့်ပြိုင်ပွဲဝင် ၁ဝ ဦးကို ယမန်နေ့က တရားဝင် မိတ်ဆက်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲဝင် ၁ဝ ဦးကို တောင်ကိုရီးယား နိုင်ငံရှိ နာမည်ကျော် Global K Center တွင် တောင်ကိုရီးယား K-Pop အနုပညာရှင် များက သီချင်းသီဆိုမှု အရည်အသွေးများနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို သုံးပတ်ကြာ စနစ်တကျ သင်ကြားပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲဝင် ၁ဝ ဦးမှာ မတူညီသော နောက်ဆုံး အဆင့်လေးဆင့်တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ ''သူတို့ကို တောင်ကိုရီးယား နိုင်ငံမှာ အနီးကပ် ပံ့ပိုးမှုတွေပေးပြီး တတ်ကျွမ်းတဲ့ နာမည်ကျော် ပညာရှင်တွေနဲ့ စနစ်တကျ သင်ကြားပေးခဲ့ တာပါ။ အဆိုပညာ တစ်ခုတည်းတင် မဟုတ်ဘဲ စင်မြင့်တင်ဆက်မှု အပိုင်းတွေကိုပါ သင်ကြားပေးထားတာပါ။ မြန်မာနိုင်ငံအတွက် ငွေကြယ်ပွင့်တစ်ဦး ပေါ်ထွက်လာမယ်လို့လည်း ယုံကြည်တယ်။

အရည်အချင်းရှိတဲ့ လူငယ်တွေကို ဖော်ထုတ်ခွင့်ရလို့ ဝမ်းသာပါတယ်'' ဟု Galaxy Star အစီအစဉ်ကို ထုတ်လုပ်ရိုက်ကူးသူ Namin Entertainment မှ MD Samuel Sengwon Kang ကပြောသည်။ ယင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အနိုင်ရရှိမည့် Grand Winner မှာ ဆုကြေးငွေ ငွေကျပ် သိန်း ၁ဝဝဝ ရရှိမည့်အပြင် တစ်နှစ် အတွင်း ပထမဆုံးကိုယ်ပိုင် တေးစီးရီးကို တောင်ကိုရီးယား နိုင်ငံ၌ ရိုက်ကူးထုတ်လုပ် နိုင်စေရန် ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း သိရသည်။

Read 638 times Last modified on Tuesday, 08 August 2017 10:23