SJ WorldNews - шаблон joomla Авто

(၇)ကြိမ်မြောက် Myanmar International Fashion Week 2019 ကျင်းပမည်

Thursday, 05 December 2019 09:13 font size decrease font size decrease font size increase font size increase font size

နိုင်ငံတကာမှ ဖက်ရှင်ဒီဇိုင်နာများ ပါဝင်ပြသမည့် (၇)ကြိမ်မြောက် Myanmar International  Fashion Week 2019 ကို  ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့  ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ The Central  Boulevard၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

““စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့  ဗန်ကောက်က ဒီဇိုင်နာတွေ ပါဝင်ပြသမှာဖြစ်ပါတယ်။ မြန်မာဒီဇိုင်နာ တော်တော်များများက ပထမနှစ်ရက်မှာ ပြသမယ်။ နောက်ဆုံးရက်မှာ နိုင်ငံတကာက ဖက်ရှင်ဒီဇိုင်နာတွေက သူတို့မော်လ်ဒယ်တွေ ခေါ်လာပြီး ပြသမှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို နိုင်ငံတကာက ဖက်ရှင်တွေ ပြသချင်လို့  ဖိတ်ခေါ်ပြီးပြသတာပါ ”” ဟု Star Event Production မှ ဂျွန်လွင်ကပြောသည်။

အဆိုပါ Fashion Show  ကို Star Event Production မှ  စီစဉ်တင်ဆက်ခြင်းဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ချစ်ကောင်း၊ Ar T၊ လုလင်ပျို၊ ရဲမာန်၊ ဖြူဖြူကျော်သိန်း၊ ၀ိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်နှင့်  ဆိုဖီယာတို့က  ဖျော်ဖြေတင်ဆက် ပေးမည်ဖြစ်ပြီး Dancer များအနေဖြင့် Stars & Models Int'l  (ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး)မှ   မော်လ်ဒယ်  ၁၀၀ ဦး၊ သရုပ်ဆောင်များဖြစ်သည့်  အောင်ရဲလင်း၊ အောင်မင်းခန့်၊  ထက်အောင်ရှိုင်း၊ သီဟ၊ အေးချမ်းမောင်၊ စည်သူဝင်း၊  တိုင်ရွန်၊  ကျော်ကိုကိုဝေ၊ မိုးဟေကို၊ အေးမြတ်သူ၊ မိုးယုစံ၊ ယုသန္တာတင်၊ သန္တာဗို၊ အွန်ဆိုင်း၊ နန်းခေးမာ၊ M ဆိုင်းလု၊   ပိုးကြာဖြူခင်၊ ရွှေအိမ်စည်၊  J Naw၊ ယွန်းမှီမှီကျော်၊ ချွန်းချွန်း၊ သျှားထွဋ်အိန္ဒြာ ၊  လီလီကျော်ခိုင် နှင့် စင်ဒီမြတ်တို့ ပါဝင်မည်ဖြစ်သည်။

လာရောက်ကြည့်ရှုလိုသူများ အနေဖြင့် VIP Ticket   များကို Star Event Production ၊ Stars & Models Int'l Yangon ၊ Myanmar Int'l Fashion  Week by John Lwin Page   များကို  Like    လုပ်ပေးခြင်းဖြင့် လည်းကောင်း၊   မိမိ၏ Facebook Profile များကို ပြောင်းလဲပေးခြင်းဖြင့် လည်းကောင်း ပွဲစီစဉ် ကျင်းပသည့်အချိန်၊ ကျင်းပရာနေရာတို့၌ အလွယ်တကူ ထုတ်ယူ၍ အခမဲ့ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 481 times Last modified on Thursday, 05 December 2019 09:14