SJ WorldNews - шаблон joomla Авто

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပရန်လျာထား

Monday, 23 December 2019 09:59 font size decrease font size decrease font size increase font size increase font size

၂၀၁၉  ခုနှစ်အတွက်  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ၂၀၂၀ ပြည့်နှစ်   မတ်လအတွင်း  ရန်ကုန်မြို့၌ ကျင်းပရန် လျာထားကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

လတ်တလောတွင် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနားအတွက် အဓိကပံ့ပိုး သူများအဖြစ် လည်းကောင်း၊ ရွှေစင်ကြယ်ပွင့်၊ အ၀တ်အစား၊ မိတ်ကပ်၊ လက်ဝတ်ရတနာ၊ ဖိနပ်၊ ရေသန့်၊ အစားအသောက်၊ အအေးစသည့် ကဏ္ဍများတွင် ပံ့ပိုးမှုများအတွက်  လည်းကောင်း ပါဝင်လိုပါက လုပ်ငန်းရှင်များနှင့်  ကုမ္ပဏီများအား တင်ဒါလျှောက်ထားရန် ခေါ်ယူထားပြီး ၂၀၂၀  ပြည့်နှစ် ဇန်န၀ါရီလအတွင်း ရွေးချယ်မည်ဖြစ်သည်။ အကယ်ဒမီ ဗန်းကိုင် ရွှေကြိုအမျိုးသား၊ အမျိုးသမီးများကို ပြင်ပမှ အရည်အချင်းရှိသော ၀ါသနာ ရှင်လူငယ်များကို ခေါ်ယူရန်စီစဉ်ထားပြီး ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁၇ ရက် နောက် ဆုံးထား ခေါ်ယူမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်သည် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ဖြစ်သည့်အတွက် ရာပြည့်အခမ်းအနား လှုပ်ရှားမှုအတွက်လည်း  စီစဉ်နေကြောင်း၊  မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲ အခမ်းအနားတွင် အကဲဖြတ်ရန် စာရင်းဝင်သော ရုပ်ရှင် ဇာတ်ကားပေါင်း ၉၇ ကားရှိကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 399 times Last modified on Monday, 23 December 2019 10:00