SJ WorldNews - шаблон joomla Авто

ဗြိတိသျှကောင်စီ အနုပညာလှုပ်ရှားမှု ဆုကြေးငွေများကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်

Wednesday, 08 January 2020 11:58 font size decrease font size decrease font size increase font size increase font size

ဗြိတိသျှကောင်စီ၏ ငွေကျပ်သိန်း ၄၀  မှ ၉၅ သိန်းအထိ ရရှိနိုင်သည့် အနုပညာ လှုပ်ရှားမှု ဆုကြေးငွေများကို စိတ်ပါဝင်စားသူများ အနေဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်သည် အရှေ့တောင် အာရှနိုင်ငံများဖြစ်သည့် မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ဗြိတိန်နိုင်ငံမှ အနုပညာ ပေါင်းစည်း လုပ်ဆောင်ခြင်းဖြင့် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ဖွင့်ပေးနိုင်မည့် ပထမဆုံး လုပ်ငန်း အစီအစဉ်ဖြစ်သည်။

ထို့ကြောင့် ယင်းနိုင်ငံတို့ရှိ ပန်းချီဆရာ၊ အနုပညာရှင်နှင့် အနုပညာအသင်း ကိုယ် စားလှယ်များ အနေဖြင့် ငွေကျပ်သိန်း ၄၀ မှ ၉၅ သိန်းရှိ လှုပ်ရှားမှု ဆုကြေးငွေများကို လျှောက်ထားနိုင်မည်ဖြစ်ပြီး ယင်းဆုကြေးငွေများကို မေလမှ ဇူလိုင်လအတွင်း အနု ပညာနယ်ပယ်မှ ကျွမ်းကျင်သူ၊ ဘ၀တူအနုပညာရှင်၊ ပူးပေါင်းဆောင်ရွက်မည့် သူများ နှင့် တွေ့ဆုံရန် မိမိတို့ကိုယ်တိုင် စီစဉ်သည့် ခရီးစဉ်များအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယဉ်ကျေးမှုများမှတစ်ဆင့် ဆက်သွယ်ခြင်း အစီအစဉ်သည် အနုပညာရှင်များနှင့် အနုပညာ အဖွဲ့အစည်းများကြား စိတ်လှုပ်ရှားဖွယ်  ယဉ်ကျေးမှုဖလှယ်ရေး မျိုးစေ့ချပေးရန် ရည်ရွယ်၍ နိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ရေရှည်ဆက်ဆံရေး တည်တံ့မှုတို့ကို  ပျိုးထောင်ပေးမည့်  နှစ်ဦးနှစ်ဖက် ဆုကြေးငွေ အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

ထိုအစီအစဉ်ကို စိတ်ပါဝင်စားသူများ အနေဖြင့် ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား၍ This email address is being protected from spambots. You need JavaScript enabled to view it. သို့ အီးမေးလ်ပေးပို့ပြီး ဆုကြေးငွေ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်လွှာ အောင်မြင်သူများကို မတ် ၂ ရက်တွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်နှင့်   ပတ်သက်၍ သိရှိလိုသည်များအား  ဗြိတိသျှကောင်စီ အနုပညာဌာနမှ တာဝန်ရှိသူများက မန္တလေးမြို့ရှိ   ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ ဇန်န၀ါရီ  ၁၁  ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီစာကြည့် တိုက်၌  ဇန်န၀ါရီ ၁၅  ရက်တွင်လည်း ကောင်း  အသီးသီး ဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။ 

Read 314 times Last modified on Wednesday, 08 January 2020 11:59