SJ WorldNews - шаблон joomla Авто

ကိုရိုနာဗိုင်းရပ်ကြောင့် ဖျော်ဖြေပွဲများ ပိတ်သိမ်းထားသည့်အတွက် ဇာတ်သဘင်အဖွဲ့များ အခက်ကြုံနေ

Monday, 23 March 2020 09:32 font size decrease font size decrease font size increase font size increase font size

ကိုရိုနာဗိုင်းရပ်ကြောင့် လူစုလူဝေးဖြင့် ပြုလုပ်သည့် ပွဲလမ်းသဘင်များ  ရပ်နားထားသည့် အတွက် ဇာတ်သဘင်အဖွဲ့များ အနေဖြင့် ယခင်က လက်ခံထားပြီးသော ဇာတ်ပွဲများကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေရသဖြင့် ဇာတ်အဖွဲ့သားများ အခက်ကြုံနေရကြောင်း ဇာတ်အဖွဲ့ တည်ထောင်ထားသူများထံမှ သိရသည်။

''ဇာတ်အဖွဲ့တွေက ဒီလိုပွင့်လင်းရာသီမှာ ကပြဖျော်ဖြေကြရတာပါ။ အခုဆိုရင် စရန်ငွေ လက်ခံထားတဲ့ ပွဲတွေလည်း အများကြီးပါ။   ပွဲလမ်းသဘင်တွေ မလုပ်ရဘူး ဆိုတော့ စရန်ငွေတွေ ပြန်အမ်းရတယ်။ ပွဲကန်ထရိုက်တွေနဲ့ ညှိပြီး ပြန်လုပ်ရတယ်။ ဒါကြောင့်  ဇာတ်အဖွဲ့သားတွေ အနေနဲ့ တော်တော်လေး အခက်အခဲရှိပါတယ်'' ဟု ဇာတ်အဖွဲ့ တည်ထောင်သူ ဦးစန်းလွင်က ပြောသည်။

ဇာတ်အဖွဲ့များမှာ မိုးရာသီ ကာလတွင် ရပ်နားထားပြီး ပွင့်လင်းရာသီ ပွဲလမ်းသဘင်များနှင့်  ဘုရားပွဲများတွင်  လိုက်လံကပြလေ့ရှိရာ မတ်လနှင့် ဧပြီလတို့တွင် ပွဲချီများသည့် ကာလဖြစ်သော်လည်း ယခုနှစ်တွင် ကိုရိုနာ ဗိုင်းရပ်ကြောင့် ဖျော်ဖြေပွဲများ ပိတ်သိမ်းထားသည့်အတွက် ဇာတ်သဘင်အဖွဲ့များ  အခက်ကြုံနေရကြောင်း   သိရသည်။ 

Read 39 times Last modified on Monday, 23 March 2020 09:34