SJ WorldNews - шаблон joomla Авто

၁၉၅၂ ခုနှစ်နောက်ပိုင်း အကယ်ဒမီရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို သမိုင်းဝင်ရုပ်ရှင် ဇာတ်ကားများအဖြစ် သတ်မှတ်ရေးဆွေးနွေး

Thursday, 11 June 2020 09:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇွန်   ၁၀

မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး   သမိုင်းဝင်ရုပ်ရှင် ဇာတ်ကားများ ဖော်ထုတ်ပြသရေး ဆပ်ကော်မတီနှင့် ပြခန်းများ ခင်းကျင်းပြသရေး ဆပ်ကော်မတီတို့၏  ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်တိုင်းဒေသကြီး  ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ ဖော်ထုတ်ပြသရေး ဆပ်ကော်မတီ အစည်းအဝေးကို   နံနက်ပိုင်းတွင် ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးနှင်းမိုးနှင့် ဆပ်ကော်မတီဝင်များက ၁၉၅၂ ခုနှစ်နောက်ပိုင်း အကယ်ဒမီ ရရှိခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို သမိုင်းဝင် ရုပ်ရှင်ဇာတ်ကားများအဖြစ် သတ်မှတ်ရေး၊ ရုပ်ရှင်နှစ် (၁ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ယခင်ကထင်ရှား ကျော်ကြားခဲ့သည့် သမိုင်းဝင်ဇာတ်ကားများကို ဒစ်ဂျစ်တယ်စနစ်ပြုလုပ်၍ ရုပ်ရှင်ရုံများ၌ ဖော်ထုတ်ပြသရေး၊ သမိုင်းဝင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ထူးချွန်ဝါရင့် အနုပညာရှင်များ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်ပညာရပ်နယ်ပယ်တွင် ထူးချွန်ထင်ရှားခဲ့သည့် ပုဂ္ဂိုလ်များကို အင်တာဗျူးဆောင်းပါးများ ရေးသားရိုက်ကူးဖော်ပြရေး၊ သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားများ၊ ရုပ်ရှင်တေးသီချင်းများ၊ရုပ်ရှင်ရာပြည့် အစီအစဉ်များနှင့် အကယ်ဒမီသမိုင်းကြောင်းများကို  ရုပ်သံများနှင့် မြန်မာ့ရုပ်မြင်သံကြားတို့တွင် ရိုက်ကူးထုတ်လွှင့်ပြသရေး တို့ကို  ဆွေးနွေးသည်။

ပြခန်းများခင်းကျင်း ပြသရေး ဆပ်ကော်မတီ အစည်းအဝေးကို   မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ဆပ်ကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်မြင့်မြတ်ကိုယ်စား ဆပ်ကော်မတီ အဖွဲ့ဝင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနှင့် ဆပ်ကော်မတီဝင်များက မြန်မာ့ရုပ်ရှင်နှစ်(၁ဝဝ)ပြည့် အထိမ်းအမှတ်ပြခန်းများ၊ ပြသမည့်နေရာများ လျာထားမှု အခြေအနေ၊ မြန်မာ့ရုပ်ရှင်ဖြတ်သန်းခဲ့သည့် သမိုင်းတစ်လျှောက် အသုံးပြုခဲ့သော စက်ကိရိယာပစ္စည်းများ၊ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသနိုင်ရေး၊ မြန်မာ့ရုပ်ရှင် ငွေရတု၊ ရွှေရတု၊ စိန်ရတု အခမ်းအနားများ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသရေးနှင့် ခေတ်အဆက်ဆက် ရိုက်ကူးထုတ်လွှင့်ခဲ့သည့် ဇာတ်ကားများမှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုများ၊ အသုံးပြုခဲ့သည့် ဇာတ်ဝင်ခန်းသုံး ပစ္စည်းများ၊ အကယ်ဒမီပြခန်း၊ ကာတွန်းရုပ်ရှင်၊  ဇာတ်လမ်းတို ရုပ်ရှင်များ ခင်းကျင်းပြသရေး၊ အများပြည်သူပရိသတ်နှင့် ရုပ်ရှင်အနုပညာရှင်များ ရင်းနှီးမှုပိုမိုရရှိစေမည့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးပြီး   အမှတ်တရဖြစ်စေမည့် ပြခန်းထည့်သွင်းပြသရေးတို့နှင့် စပ်လျဉ်း၍    ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများက သမိုင်းဝင်ဇာတ်ကားများ  ရွေးချယ်စုဆောင်း၍ ပြသနိုင်ရေး၊ အကယ်ဒမီများ ရှင်သရုပ်ဆောင် များနှင့် တွေ့ဆုံဆွေးနွေးခန်းများ ရိုက်ကူးရေး၊ ရုပ်ရှင်တေးသီချင်းများ ဖော်ထုတ်ပြသနိုင်ရေး၊  ပြခန်းများ ပြသရေးတို့နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

 

Read 38 times Last modified on Thursday, 11 June 2020 09:44