SJ WorldNews - шаблон joomla Авто

မြန်မာ့ရုပ်ရှင် ရာပြည့်ပွဲတော်တွင် ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲနှင့် Tik Tok ပြိုင်ပွဲများ ပါဝင်မည်

Friday, 12 June 2020 08:48 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇွန်  ၁၁

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီနှင့် ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ အစည်းအဝေးများကို  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့

ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ကျင်းပသည်။

စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆပ်ကော်မတီ ဥက္ကဋ္ဌ   မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဆပ်ကော်မတီဝင်များက မြန်မာနိုင်ငံ ဂီတ အစည်းအရုံးနှင့် မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များ အသင်းတို့ ပူးပေါင်းညှိနှိုင်း၍ ယခင်က နာမည်ကျော်ကြားခဲ့သော ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းများ၊ မြန်မာသံစဉ် တေးသီချင်းများ အပြင်   ရုပ်ရှင်ရာပြည့် အတွက် သီချင်းသစ်များကို အရွယ်သုံးပါး ကြိုက်နှစ်သက်သည့် သီချင်းများ ရေးစပ်ရိုက်ကူး ထုတ်လွှင့်နိုင်ရေး၊ မြန်မာ့ရုပ်ရှင် ရာပြည့် အမှတ်တရအဖြစ် တေးသီချင်းပြိုင်ပွဲ ကျင်းပနိုင်ရေး၊ ယှဉ်ပြိုင်ပြီးသည့် ဇာတ်ဝင် တေးသီချင်းများကို စုစည်း၍ တေးသီချင်း Album  တစ်ခုထုတ်ဝေရေး၊ ရုပ်ရှင်ရာပြည့်နှင့် ပတ်သက်သော  အမှတ်တရ ပစ္စည်းပြုလုပ်သွားရေး၊ ရုပ်သံလိုင်းများတွင် သမိုင်းဝင်ရုပ်ရှင် တေးသီချင်းများနှင့် ရုပ်ရှင်ကားများ ထုတ်လွှင့်ပြသရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ယင်းနောက်  ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ   တတိယအကြိမ် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးကြည်စိုးထွန်းနှင့် ဆပ်ကော်မတီဝင်များက မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ၊ ကာတွန်း ရုပ်ရှင်ပြိုင်ပွဲနှင့် မှတ်တမ်း ရုပ်ရှင်ပြိုင်ပွဲများ၊ Tik Tokု ပြိုင်ပွဲများကို မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား ကျင်းပရေး ရည်ရွယ်ချက် ()ရပ်နှင့်အညီ ဖိတ်ခေါ်ကျင်းပရေး၊ ဆုများစနစ်တကျ ရွေးချယ်နိုင်ရေး၊ ဆုချီးမြှင့်ရေးတို့အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်များ ပါဝင်သည့် စိစစ်အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းပြီး ဆုများ စနစ်တကျရွေးချယ် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

Read 39 times Last modified on Friday, 12 June 2020 08:50