SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဂီတစာဆို ကိုသက်ဦး အမှတ်တရ ဂီတ ဖျော်ဖြေပွဲ ရန်ကုန် အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည်

Thursday, 03 August 2017 15:22 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်   ၁

တေးသီချင်းပေါင်း များစွာ ရေးသားပြုစုခဲ့သည့် ဂီတစာဆို ကိုသက်ဦးအတွက် အမှတ်တရ ဂုဏ်ပြုသည့် ဂီတဖျော်ဖြေ ပွဲကို သြဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပမည် ဖြစ်ကြောင်း ပွဲတင်ဆက်မှု ဒါရိုက်တာ ဦးဇောရိုးထံမှ သိရသည်။

''ဒီပွဲမှာ ကိုယ်တိုင် ပါဝင်ခွင့်ရလို့ အများကြီး ဂုဏ်ယူပါတယ်။ သူ့သီချင်းတွေကို နာမည်ကြီး အဆိုတော်တွေက သီဆိုခဲ့ ကြတာ ဖြစ်ပါတယ်''ဟု စန္ဒရား ခွန်တင်ကြွယ်က ပြောသည်။ အဆိုပါ ဖျော်ဖြေပွဲတွင် အဆိုတော် ရီရီသန့်၊ တက္က သိုလ်လဲ့လဲ့၊ ရန်ပိုင်စိုး၊ ပန်းအိဖြူ၊ မို့မို့ကျော်လွင်၊ နှင်း ရည်သန့်၊ စံပယ်ဖြူသိန်း၊ သန်းမြတ်စိုး၊ သက်မှူးခင်၊ စိမ့်နေခြည်၊ နန်းစန္ဒီ၊ ရွှေရည်သိန်းတန်၊ သီတာသိမ့်၊ အိအိချွန်၊ သီရိသိန်းတန်၊ နီနီဝင်းရွှေ၊ ဇေယျာပြည့်ဖြိုး၊ ရွှန်းလဲ့အောင်နှင့် အဆို တော်ပေါင်း ၂၇ ဦးက ပါဝင်ဖျော်ဖြေ ပေးမည်ဖြစ်သည်။

ယင်းပွဲကို Channel-9 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ပြီး ဂီတရသ စန္ဒရား ခွန်တင်ကြွယ်၊ ရွာစားဖိုး သင်္ကြန်နှင့် မြန်မာ့ဆိုင်းဝိုင်းမှ တီးခတ်မှုနှင့်အတူ သီချင်းအပုဒ်ပေါင်း ၄ဝ ကျော် ဖျော်ဖြေမည် ဖြစ်ကာ လက်မှတ်ဈေး နှုန်းကို ငွေကျပ် ၅ဝဝဝ၊ ၁ဝဝဝဝ၊၂ဝဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။ ''ဖေဖေ့ရဲ့ သီချင်းတွေကို သမီးတို့ ကိုယ်တိုင် မသိတာတွေ အများကြီး ရှိပါတယ်။ ပြဇာတ်တွေ၊ ရုပ်ရှင်တွေ၊ ဓာတ်ပြားတွေ၊ ကက်ဆက် သီချင်းခွေတွေ ခေတ်က သီချင်းတွေက အများကြီးပါပဲ။ ဒါကို စုဆောင်းနိုင်တာ ရှိသလို မစုဆောင်းနိုင်တာလည်း ရှိပါတယ်။ ဖေဖေ ဆုံးပြီးမှရော၊ မဆုံးခင်ကပါ တစ်ပုဒ်ပြီး တစ်ပုဒ်ထွက်လာတာ ရှိပါတယ်။ ဇာတ်ကားတွေထဲမှာလည်း သုံးထားတာတွေ ရှိပါတယ်''ဟု ဂီတစာဆို ကိုသက်ဦး၏ သမီးလတ် ဒေါ်ဝါဝါခင်က ပြောသည်။

Read 879 times Last modified on Friday, 04 August 2017 13:17