SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မိန်းကလေး ပရိသတ်များ၏ နှောင့်ယှက်မှုကြောင့် လုံခြုံရေး တိုးမြှင့်လိုက်ရသည့် ဟယ်ရီစတိုင်

Thursday, 03 August 2017 15:29 font size decrease font size decrease font size increase font size increase font size

လော့အိန်ဂျလိ သြဂုတ်  ၁

One Direction တေးဂီတအဖွဲ့မှ အဆိုရှင် ဟယ်ရီစတိုင်သည် ၎င်း၏ပွဲဦးထွက် ဇာတ်ကားတစ်ကား ဖြစ်သည့်  Dunkirk ဇာတ်ကားအတွက် အရောင်းမြှင့်တင်ရေး လုပ်ဆောင်နေစဉ် အနှောင့်အယှက်များ တွေ့ကြုံမှု မရှိစေရန် ရုပ်ရှင် ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်း၏ လုံခြုံရေးကို အထူးတင်းကျပ် ပေးခဲ့ရကြောင်း သိရသည်။

ဟယ်ရီ၏ ၂၄ နာရီလုံခြုံရေး အတွက် Warner Bros ရုပ်ရှင်ကုမ္ပဏီက သက်တော်စောင့် ခြောက်ဦးကို တာဝန်ပေး အပ်ထားပြီး ဟယ်ရီ တည်းခိုနေသည့် ဟိုတယ်၌ အမြဲတမ်း စောင့်ကြည့်နေရမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်သည်  အသက် ၂၃ နှစ်အရွယ်ရှိ ဟယ်ရီ၏ ဟိုတယ်ခန်း အတွင်းသို့ မိန်းကလေးငယ်များ ခိုးဝင်မှု ဖြစ်ပွားပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်ပြီး ရုပ်ရှင် ကုမ္ပဏီ အနေဖြင့် ဇာတ်ကား ရိုက်ကူးနေစဉ် ဟယ်ရီအတွက် အနှောင့်အယှက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မကင်း ဖြစ်လျက်ရှိသည်။

ဗြိတိန် အဆိုတော် ဟယ်ရီသည် ယခုအခါ ဒုတိယ ကမ္ဘာစစ်ကို အခြေခံ ရိုက်ကူးထားသည့် Dunkirk ဇာတ်ကားကို ရိုက်ကူးထားပြီး ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရာ ခက်ခဲသည့် အတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

Read 716 times Last modified on Friday, 04 August 2017 13:21