SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ပြည်ပနိုင်ငံများသို့ အလှမယ်ပြိုင်ပွဲ သွားရောက် မယှဉ်ပြိုင်မီ Organization များ၏ ထုတ်ပြန်ချက်များနှင့် မိမိဘက်က သိသင့်သိထိုက်သမျှ သေချာလေ့လာပြီးမှ သွားရောက် ယှဉ်ပြိုင်ကြစေ လိုကြောင်း Miss Teen Model International 2017 နှင့် The Best National Costume Award ဆုရှင် အေးသဒ္ဒါလင်း ထံမှ သိရသည်။

ပြန်ဆိုတေးများကို သီဆိုဟန်များ ပြောင်းလဲ၍ ခေတ်ပေါ်တေးဂီတနှင့် ပေါင်းစပ်သီဆိုကာ  နာမည်ရ အောင်မြင်လာသည့် အဆိုတော် ဂျက်ဆန်ထွန်းက ပြန်ဆိုတေးများ သီဆိုရာတွင် မူရင်းရသ မပျောက်ပျက်အောင် သတိထား သီဆိုရကြောင်း ၎င်းကပြောသည်။

ခိုင်နှင်းဝေ ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့်  ပန်းရိုင်းမျက်ရည် ရုပ်ရှင်ဇာတ်ကားကို ရုံတင်ရန် စီစဉ်နေပြီး   ယင်းဇာတ်ကားဖြင့် အကယ်ဒမီဆု မျှော်လင့်မိကြောင်း  သရုပ်ဆောင် ခိုင်နှင်းဝေထံမှ သိရသည်။


အသက်  ၁၃ နှစ်အရွယ် ဆယ်ကျော်သက် ဟစ်ဟော့အဆိုရှင်   ပြုံးမြသွယ်၏ တစ်ကိုယ်တော် အယ်လ်ဘမ်မှာ  ၂ဝ၁၈ ခုနှစ်  နှစ်ကုန်ပိုင်းတွင်  ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်  သြဂုတ် ၃ဝ

အာရှနိုင်ငံများမှ ဂန္ထဝင်ဇာတ်ကားများကို  ရွေးချယ်ပြသမည့် Asian Restored Classics  2017  ပွဲတော်ကို  စက်တင်ဘာ ၈ ရက်မှ ၁ဝ ရက်အထိ စင်ကာပူနိုင်ငံရှိ  National Museum Of Singapore ၌ ကျင်းပမည် ဖြစ်ရာ  မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် မြဂနိုင်     မြန်မာဂန္ထဝင် ရုပ်ရှင်ဇာတ်ကားကို ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးထံမှ သိရသည်။

ဇာတ်လိုက်ပုံစံကိုသာ  သရုပ်ဆောင်လိုသည့် အကယ်ဒမီများရှင်    မို့မို့မြင့်အောင်က  သူမ၏ သရုပ်ဆောင်မှုအပေါ် ကျေနပ်လို့ပေးသည့် အနုပညာကြေးကိုသာ လက်ခံလိုကြောင်း ပြောသည်။

Page 76 of 81