SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် သြဂုတ် ၁၅

Myanmar Idol 2017 Winner အဆိုတော် သားငယ်အနေဖြင့် ပွဲများတွင် ၎င်းသီဆိုထားသည့် သီချင်းများကို ဖန်တီးသည့် အနုပညာရှင် များအား ၎င်းရရှိသည့် အနုပညာ ကြေးများထဲမှ တချို့တစ်ဝက်ကို ဂါရဝပြု ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

သံစဉ်အေးအေး များကို ပိုင်နိုင်စွာ သီဆိုနိုင်သည့် အဆိုတော် စိုင်းဇေယျာအောင်၏ ရင်ခုန်သံကြားရင် အော်ဒီယိုအယ်လ်ဘမ်ကို The Sun Music Production မှ ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လူငယ် ပရိသတ် များကြား ရေပန်းစားနေသည့် Hip Hop အဆိုတော် G Fatt က ထပ်မံ ထွက်ရှိမည့် သူ၏ဒုတိယ တစ်ကိုယ်တော် အယ်လ်ဘမ်တွင် ခံစားချက်နှင့် တိုက်ဆိုင်သည့် တေးသီချင်း စာသား အများဆုံး ပါဝင်မည် ဖြစ်ကြောင်း ပြောသည်။

ဂျပန်ဖူဂျီဖလင်၏ Brand Ambassador အဖြစ် အဆိုတော် ရတနာမိုင်ကို တစ်နှစ်ခန့် အပ်ခဲ့ပြီး ဖူဂျီထုတ်ကုန် များနှင့် ပတ်သက်သည့် လှုပ်ရှားမှု များကို ပူးပေါင်း ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း သိရသည်။

လန်ဒန် သြဂုတ် ၇

သရုပ်ဆောင်ခြင်းကို နှစ်သက်မိသောကြောင့် လက်ရှိတွင် သရုပ်ဆောင်ခြင်းကို ဆက်လက် လုပ်ဆောင်သွားရန် ဆန္ဒပြင်းပြလျက် ရှိသည်ဟု နာမည်ကျော် အဆိုတော် ရီဟန်းနားက ပြောသည်။

တိုကျို သြဂုတ် ၇

ဂျပန်အမျိုးသမီး အဆိုအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Nogizaka 46 သည် ၎င်းတို့၏ ၁၈ ခုမြောက် တေးအယ်လ်ဘမ်ကို စက်တင်ဘာလတွင် ဖြန့်ချိရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Page 79 of 81