SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဈေးကွက် ထိုးဖောက်နိုင်မည့်‌ ကော်ဖီမျိုးကောင်းများ ရရှိရန် Nestle ကုမ္ပဏီနှင့် ပူးပေါင်းရန်‌ စီစဉ်‌‌

Sunday, 20 August 2017 09:12 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  သြဂုတ်  ၁၉

ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်မည့် ကော်ဖီမျိုးကောင်းများ  ထွက်ရှိရေးအတွက် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် သက်ဆိုင်ရာ ဒေသနှင့်ကိုက်ညီမည့်    ကော်ဖီမျိုးများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက Nestle ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေ‌ကြောင်း အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၅ဝဝ နှင့် အထက် တောင်ပေါ်ဒေသများတွင် ကုန်းမြင့် ကော်ဖီမျိုးဖြစ်သော အာရေးဗီးကားကော်ဖီမျိုးကို စိုက်ပျိုးလျက်ရှိပြီး  ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၂၅ဝဝ  အောက်ဆိုပါက  မြေနိမ့်ကော်ဖီမျိုးများ ဖြစ်သော ရော်ဗက်စတာ ကော်ဖီမျိုးကို စိုက်ပျိုးကြသည်။

အာရေးဗီးကား ကော်ဖီမျိုးများသည် ရော်ဗက်စတာကော်ဖီမျိုးများထက် အရည်အသွေး ပိုမိုမြင့်မားပြီး   တစ်တန်လျှင် အ‌မေရိကန် ဒေါ်လာ ၄ဝဝဝ မှ ၆ဝဝဝ  ကြား ပေါက်ဈေးရှိသည်။ အဆိုပါကော်ဖီမျိုးများကို  ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ပြင်ဦးလွင်၊ မိုးကုတ်၊  ကချင်ပြည်နယ်ဒေသ တချို့နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့၌ အများဆုံး စိုက်ပျိုးကြသည်။

ကုန်းမြင့်ကော်ဖီများကို မြန်မာနိုင်ငံ ကော်ဖီအသင်း၏ အဆက်အသွယ်ဖြင့် ဂျပန်၊ အမေရိကန်၊ ဂျာမနီ၊ တောင်ကိုရီးယား နိုင်ငံတို့သို့ တင်ပို့လျက်ရှိပြီး  အမေရိကန်ဈေးကွက်သို့ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ကွန်တိန်နာနှစ်လုံး တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကွန်တိန်နာ ၁ဝ လုံးအထိ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။

Read 506 times Last modified on Sunday, 20 August 2017 09:13