SJ WorldNews - шаблон joomla Авто

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲ ပြည်ပ ၆၂ နိုင်ငံအထိ တင်ပို့နိုင်

Thursday, 15 February 2018 09:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၁၄

ယခုဘဏ္ဍာနှစ် အတွင်း မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲများကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံပေါင်း ၆၂ နိုင်ငံအထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အရင်ဘဏ္ဍာနှစ်ထဲမှာတော့ နိုင်ငံ ၄ဝ အထိပဲ တင်ပို့နိုင်ခဲ့တယ်။ အခုဘဏ္ဍာနှစ်မှာ ၆၂ နိုင်ငံအထိ တင်ပို့နိုင်တာကြောင့် ဈေးကွက်ပိုမို ချဲ့ထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်နှစ်တွေထက် စာရင်  ဈေးကွက်အသစ်တွေကို ရှာဖွေနိုင်လို့ အခုလို တိုးတက်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်''ဟု    ၎င်းကပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း အများဆုံး တင်ပို့သည့်နိုင်ငံများမှာ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အနောက်အာဖရိက နိုင်ငံများဖြစ်သော အိုင်ဗရီကို့စ်၊ ဘယ်လ်ဂျီယံ၊ ဂါနာ၊ မက်ဒါဂါစကာ၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ ဆီနီဂေါနှင့်ပိုလန် စသည့်နိုင်ငံတို့ဖြစ်သည်။ ထိုသို့ တင်ပို့နိုင်ခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ထက် ၂၂ နိုင်ငံသို့  ပိုမိုဈေးကွက် ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံရှိ ဆန်နှင့်ဆန်ကွဲများကို ပြည်ပသို့တင်ပို့ရာတွင် တင်ပို့မှုစုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေး စခန်းများအပြင် ဈေးကွက်သစ်များ တိုးချဲ့ရှာဖွေကာ ပင်လယ်ရေကြောင်းမှတစ်ဆင့် တိုးချဲ့တင်ပို့မှုများလည်း ရှိကြောင်း သိရသည်။

ယခင်  ဘဏ္ဍာနှစ်က  ဆန်နှင့်ဆန်ကွဲ ၁၇၅ဝ၅၆၂ တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၅၄ သန်းဖိုး  တင်ပို့နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီ ပထမ ၁ဝ  ရက်ခန့်ကာလအထိ  ဆန်နှင့်ဆန်ကွဲ ၃ဝ၂၆၇၈၆ တန်  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၄၈ သန်းဖိုး တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

Read 313 times Last modified on Thursday, 15 February 2018 09:34