SJ WorldNews - шаблон joomla Авто

ရမည်းသင်းမြို့နယ် တံတားဦးရွာမှ ခမောက်ရက်လုပ်ငန်း

Friday, 16 February 2018 10:06 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်   မြို့လှအုပ်စု   တံတားဦးကျေးရွာ၌ ရှေးယခင်ကပင် ခမောက်ရက်လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ ယခုထက်တိုင် ဆက်လက် လုပ်ကိုင်ကြကြောင်း သိရသည်။

ထိုသို့ ခမောက်ရက်လုပ်ရာတွင် ခမောက်အကြမ်းများကို ပုံစံတကျဖြစ်အောင် ပြုလုပ်ပြီး ချောအောင် သပ်ထားသောနှီးဖြင့် ခမောက်အပေါ်မှ အကွက်ကျကျ ကွပ်၍ ပုံဖော်ရက်လုပ်ခြင်း ဖြစ်သည်။ ထိုသို့ ရက်လုပ်ထားခြင်းကြောင့် ခမောက်မှာ တာရှည်ခံသည်။ တံတားဦးကျေးရွာ၌    ခမောက်ရက်လုပ်ငန်းကို အိမ်တွင်းမှုလုပ်ငန်းအဖြစ် အိမ်ထောင်စု ၂ဝ ကျော်ခန့် ရက်လုပ်ကြသည်။

ခမောက်ရက်လုပ်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းဖြစ်သော ခမောက်(အကြမ်း)၊နိုင်လွန်ချည်၊ နှီးအစရှိသည်တို့ကို ပျော်ဘွယ်မြို့နှင့် မိတ္ထီလာမြို့တို့မှ ဝယ်ယူရသည်။ ခမောက်အကြမ်း တစ်လုံးလျှင် ငွေကျပ် ၄ဝဝ၊ နှီးတစ်ထုံးလျှင် ငွေကျပ် ၂ဝဝဝ ပေးရကြောင်း သိရသည်။ နှီးတစ်ထုံးလျှင် ခမောက် ၁၅ လုံးခန့် ရက်နိုင်သည်။ ခမောက်အနား ကွပ်ရန်အတွက် ခွေတံကို ဝါးအချောသပ်၍ အနားကွပ်ပြီး နိုင်လွန်ကြိုးဖြင့် ချည်နှောင်ကြသည်။

ခမောက်ရက်လုပ်ရာတွင် အကြမ်းမှအချော အဆင့်ဆင့်ပြုလုပ်ရပြီး ရက်လုပ်ပြီး အချောခမောက်တစ်လုံးကို ငွေကျပ် ၁၁ဝဝ ဖြင့် ရောင်းချကြသည်။ တပ်ကုန်းမြို့၊ ရမည်းသင်းမြို့၊ ပျော်ဘွယ်မြို့နှင့် မိတ္ထီလာမြို့တို့သို့ တင်ပို့ရောင်းချသကဲ့သို့ ခမောက်ပွဲစားများကလည်း  ရွာအရောက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူကြကြောင်း သိရသည်။ ခမောက်ရက်လုပ်ငန်းကို ကိုယ်ပိုင်လုပ်ကိုင်သကဲ့သို့ နေ့စား လုပ်ကိုင်သူများလည်း ရှိကြပြီး ခမောက်တစ်လုံးလက်ခ  ၂ဝဝ ကျပ်ပေးရသည်။ လူတစ်ဦးလျှင် တစ်နေ့ ၁ဝ လုံးခန့် ရက်လုပ်နိုင်ပြီး အဆိုပါတံတားဦး ကျေးရွာ၌ ခမောက်ရက် လုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြကြောင်း သိရသည်။ 

Read 302 times Last modified on Friday, 16 February 2018 10:08