SJ WorldNews - шаблон joomla Авто

ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ နီးပါး ထပ်မံ တိုးမြှင့်လာ

Monday, 19 February 2018 08:16 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဖေဖော်ဝါရီ   ၁၈

ယခုဘဏ္ဍာနှစ်  ဖေဖော်ဝါရီ ပထမပတ်အထိ ၁ဝ လကျော်ကာလအတွင်း ယခင်ရှိပြီး    ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ ထပ်မံတိုးမြှင့်သည့်  ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ နီးပါးခန့်ရှိကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန    ဒုတိယညွှန်ကြားရေးမှူး  ဦးသန်းအောင်ကျော်ထံမှ  သိရသည်။

ယင်းပမာဏမှာ  ရာခိုင်နှုန်းအားဖြင့် ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများအရ လက်ရှိ  ရင်းနှီးမြှုပ်နှံမှု၏ ၆ဝ ရာခိုင်နှုန်းခန့်ကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ  တိုးမြှင့် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်  ဖေဖော်ဝါရီ ပထမပတ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ခွင့်ပြုပေးခဲ့သည့် အသစ်ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၉၅ ခုခန့်မှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၄၁၈ ဒသမ ၁၁၇ သန်းခန့်ရှိပြီး ယင်းအပါအဝင်   တိုးမြှင့်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅၁၁၂  ဒသမ ၄၃၃ သန်းအထိ ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကုမ္ပဏီဥပဒေအသစ်အရ သြဂုတ် ၁ ရက်မှစ၍ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်သည့်စနစ်ကို စတင်ဆောင်ရွက် မည်ဖြစ်ကြောင်း၊ အဆိုပါ  လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများ လိုက်နာခြင်းကို အခြေခံကာ စိစစ်လက်ခံခြင်း ဖြစ်ပြီး အလုပ်အကိုင်အသစ်များ ပေးစွမ်းနိုင်မှုတို့အပေါ် အခြေခံကာ စိစစ်လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

Read 330 times Last modified on Monday, 19 February 2018 08:17