SJ WorldNews - шаблон joomla Авто

လက်ဖြင့်ခြယ်သထားသော ဖုန်းကာဗာများကို နိုင်ငံခြားသားများ ဝယ်ယူ သုံးစွဲမှု မြင့်တက်

Thursday, 14 September 2017 09:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၃

လက်မှုပစ္စည်းများကို နှစ်သက်စွာ ဝယ်ယူအသုံးပြုသူများ အတွက် အလှအပများဖြင့် မွမ်းမံထားသော ပြည်တွင်းထုတ် ဖုန်းကာဗာများကို နှစ်ဆန်းပိုင်းမှစ၍ ယခုအချိန်ထိ ပြည်တွင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များနှင့် ပြည်တွင်း၌နေထိုင်သူ နိုင်ငံခြားသားများက အဓိကဝယ်ယူ သုံးစွဲနေကြောင်း ဖုန်းကာဗာ ထုတ်လုပ်သော ပြည်တွင်းလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်းရှိ လုပ်ငန်းရှင်များက ဆီလီကွန် ဖုန်းကာဗာများတွင် လူကြိုက်များသော ပန်းချီပုံများနှင့် ကနုတ်ပန်းများ ရေးဆွဲ၍ ရောင်းချကြသည့်အပြင် သစ်သားကြိတ်သားများကို ဖုန်းကာဗာများ ပြုလုပ်ရောင်းချကြသည်။

ထုတ်လုပ်ရောင်းချသောသူများမှာ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးများ ဖြစ်ခြင်းကြောင့် ဟန်းဆက်မျိုးစုံအတွက် ထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ တချို့သော ဟန်းဆက်များအတွက်သာ ထုတ်လုပ်ရောင်းချကြောင်း သိရသည်။

''နိုင်ငံခြားသားတွေက ပြည်တွင်းထုတ် ဖုန်းကာဗာတွေကို နှစ်သက်စွာ ဝယ်ယူသုံးစွဲတဲ့ အကြောင်းရင်းက လက်မှုပစ္စည်းကို ဈေးနှုန်းအသင့်အတင့်နဲ့ ဝယ်ယူအသုံးပြု နိုင်တာကြောင့်ပါ။ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ပြည်သူတွေသာမက နိုင်ငံခြားသားတွေပါ ဝယ်ယူသုံးစွဲမှု မြင့်တက်လာမယ်လို့ မှန်းထားပါတယ်'' ဟု အောင်မြင် ဖုန်းကာဗာ ရောင်းချရေး ဆိုင်ပိုင်ရှင် ကိုဇော်ဇော် ကပြောသည်။

အဆိုပါပြည်တွင်းထုတ် ဖုန်းကာဗာများကို လစဉ်အနည်းဆုံး အခု ၂ဝဝ မှ ၄ဝဝ အထိ ဝယ်ယူကြပြီး ဈေးနှုန်းအနေဖြင့် အနိမ့်ဆုံး ငွေကျပ် ၅၅ဝဝ မှ အမြင့်ဆုံး ငွေကျပ် တစ်သောင်းငါးထောင် အထိရှိကြောင်း သိရသည်။

Read 464 times Last modified on Thursday, 14 September 2017 09:25