SJ WorldNews - шаблон joomla Авто

ဘုရားသုံးဆူ ဝယ်လက်များ တစ်ကျော့ပြန်ဝယ်ယူပါက ကြက်သွန်နီ ဈေးနှုန်းများ ဆက် လက်မြင့် တက်နိုင်

Monday, 07 August 2017 10:15 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်  သြဂုတ် 

မော်လမြိုင်ဈေးကွက်၌  ထိုင်းနိုင်ငံသို့ ကြက်သွန်နီတင်ပို့နေသည့် ဘုရားသုံးဆူ ဝယ်လက်များ အဝယ်လိုက်နေခြင်းကြောင့်

ယခင်လကထက်ကြက်သွန်နီဈေးနှုန်းများ ပိုမိုမြင့်တက်လာရာယင်းဝယ် လက်များ တစ်ကျော့ပြန် ဝယ်ယူလာပါက ကြက်သွန်နီ ဈေးနှုန်းများ   ဆက် လက်မြင့် တက် နိုင် ကြောင်း ပခုက္ကူကြက်သွန်ဒိုင်ပိုင်ရှင် ဦးမိုးဦး ထံမှသိရသည်။ဇူလိုင် ၃ ရက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၈၅ဝ မှ ၁၁ဝဝ အထိသာ ပေါက် ဈေး ရှိရာမှ  ယနေ့တွင်  ငွေကျပ်  ၁၂၂ဝ မှ ၁၅၅ဝ အထိ ဈေးနှုန်းမြင့်တက် လာကြောင်း သိ ရ သည်။

လက်ရှိ တွင် ကြက်သွန်ထွက်ရှိရာဒေသများ၌  လက်ကျန်ရှိနေသေးသော်လည်း တချို့မှာ ရာသီ ဥ တုဖောက်ပြန်၍ ကြက်သွန်အသစ်မပေါ်နိုင်လျှင် ဈေးနှုန်းထပ်မံ မြင့်တက် နိုင်သည်ဟု    ပြော ဆိုနေမှုများရှိ ကြောင်း  သိရသည်။

ပခုက္ကူကြက်သွန်ဒိုင်သို့ ရေစကြိုမြို့နယ်မှ မိုးကြက်သွန်နှင့် ယောချောင်း တစ်လျှောက် နှင့် ပေါက်မြို့ နယ်တို့မှ ဆောင်းကြက်သွန် များဝင်ရောက်လေ့ရှိပြီး လက်ရှိတွင် နေ့စဉ် ကုန်တန်ချိန် သုံးသောင်းခွဲခန့် ဝင်ရောက် လျက် ရှိကြောင်း သိရသည်။

မိုးကြက်သွန်ကို  ဇူလိုင်လနှင့်  သြဂုတ်လတို့တွင်   စိုက်ပျိုးကာ  နိုဝင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် ရောင်းချကြပြီး ကုန်းမြင့် သမားများမှာ ဇူလိုင်လတွင် စိုက်ပျိုးကြကာ နိုဝင် ဘာလတွင်ရောင်းချလေ့ရှိသည်။ ဆောင်းကြက် သွန်မှာ နိုဝင်ဘာလနှင့်  ဒီဇင်ဘာ လတို့ တွင် စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် ရောင်းချလေ့ရှိသည်။ ယခုနှစ်  ဆောင်းကြက် သွန် စိုက်ပျိုးချိန်တွင် မိုးမိကာ အပင်များပျက်စီးသည့်အတွက်  အထွက်နှုန်း လျော့ နည်းကြောင်း သိ ရသည်။      

နေနေ

Read 652 times Last modified on Monday, 07 August 2017 11:06