SJ WorldNews - шаблон joomla Авто

ငါ့သရောက်မြို့နယ်၌ ဂန္ဓမာပန်းများ စီးပွားဖြစ် စိုက်ပျိုးလာ

Friday, 28 June 2019 09:06 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် ဆည်ကျေးရွာ အမှတ်(၂) မြောက်ကုန်းရပ်တို့၌ ပြင်ဦးလွင်ဒေသနှင့် ဟဲဟိုးဒေသမျိုးရင်း ဂန္ဓမာပန်းမျိုးများကို စီးပွားဖြစ် စိုက်ပျိုးသူ များပြားလာကြောင်း သိရသည်။

''ကျွန်တော်က ငါ့သရောက်ဒေသမှာ စိုက်လို့ရမယ့် ဂန္ဓမာပန်းမျိုးကို ပြင်ဦးလွင်တက် ဝယ်တယ်။ ဂန္ဓမာပန်းရောင်းတဲ့ ပြင်ဦးလွင်က  စိုက်ပျိုးရေးသမားတွေကလည်း အားလုံးရှင်းပြတယ်။ အပူပိုင်းဒေသမှာ စိုက်ပျိုးလို့ရတဲ့  မျိုးတွေကို ရွေးချယ်ပေးတယ်။ကျွန်တော် အခုဝယ်စိုက်ထားတာက summer ဝါ၊ ကြွေဖြူ ဂန္ဓမာ အပွင့်ကြီးမျိုး၊ ကြွေဝါအပွင့်ကြီးမျိုး၊ ကြက်သွေးရောင်၊ ခရမ်းရောင်၊ ကိုရီးယားအဖြူ၊ ကိုရီးယားအဝါ ဂန္ဓမာမျိုးတွေ ဝယ်လာပြီး စိုက်ထားတာ။ ဂန္ဓမာပန်းမျိုးကို ပြင်ဦးလွင်၊ ဟဲဟိုးတက်ဝယ်ရင် ပန်းမျိုးပေါ် မူတည်ပြီး တစ်ပင်ချင်းနဲ့ အများဈေးဝယ်ရပါတယ်။ တစ်ပင်ကို ၆ ကျပ်မှ ၁၅ ကျပ်အထိ ပန်းအမျိုးအစားပေါ် မူတည်ကာ ဝယ်ယူရပါတယ်။  နွေ၊ မိုး၊ ဆောင်းစိုက်ပျိုးလို့ရတဲ့ ဂန္ဓမာပန်းအမျိုးအစား အများကြီးရှိပါတယ်''

ဟု  ဂန္ဓမာပန်းအမျိုးမျိုး စိုက်ပျိုးရောင်းချသူ ကိုဖြိုးဝေထွန်းက ပြောသည်။ ဂန္ဓမာပန်းပင်များသည် အမြစ်အပေါ်ယံမှာသာ ရှိခြင်းကြောင့် ရေအစိုဓာတ် အသင့်အတင့်သာ ပက်ဖျန်းပေးခြင်းဖြင့် ရေလုံလောက်ကြောင်း၊ ငါ့သရောက်ဒေသရှိ တောင်သူများ မိုးရာသီသာစိုက်ပျိုးရေး မှီခိုလုပ်ကိုင်လာရာမှ မြေအောက်အဝီစိ ရေတွင်းများတူးကာ   ဂန္ဓမာပန်းမျိုးများ စမ်းသပ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ငါ့သရောက်မြို့နယ်၌ စိုက်ပျိုးထားသည့် ဂန္ဓမာပန်းမျိုးများကို မတ်လ ဒုတိယပတ်က စိုက်ပျိုးခဲ့ရာ ယခုအခါ အဖူး၊ အပွင့်များနှင့် အပင်များသန်မာပြီး  ရောင်းတမ်းလှသောကြောင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသူများ ပန်းစိုက်ခင်း အထိ  လာရောက် ဝယ်ယူကြသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Read 134 times Last modified on Friday, 28 June 2019 09:07