SJ WorldNews - шаблон joomla Авто

ဆင်ပွဲနီးလာသည့်အတွက် ကျောက်ဆည်ဒေသထွက် ဆင်ရုပ်များ ဈေးနှုန်းတက်လာ

Friday, 06 September 2019 11:49 font size decrease font size decrease font size increase font size increase font size

ကျောက်ဆည်ဆင်ပွဲ   နီးလာသည့်အတွက် ဆင်ရုပ်ငယ် ပြုလုပ်သူများကို ငွေကြိုတင်ပေးကာ   မှာယူမှုများ ပြုလုပ်လျက်ရှိသည်။ ယခုနှစ် ဆင်ရုပ်ပြုလုပ်သည့် ပစ္စည်းများဖြစ်သော  ကော်မှုန့်၊ ဘော်ကြယ်၊ ဇာနှင့် ကတ္တီပါစ၊ စက္ကူ၊  သဘော်ဆေးများ အပါအဝင် ကုန်ကြမ်းပစ္စည်းများ ဈေးတက်သည့်အတွက် ဆင်ရုပ်ဖောက်သည် သွင်းဈေးကို ဈေးနှုန်း တက်ယူနေရသည်။

ကျောက်ဆည်မြို့ကို  မြန်မာနိုင်ငံ၏ ဆင်မြို့တော်ဟုပင် တင်စားထားပြီး ရှေးအစဉ် အဆက်က ပြုလုပ်ခဲ့သော  ဆင်လှူပွဲတော်နှင့် အတူ ကျောက်ဆည်ဆင်ပွဲမှာ သက်တမ်းရှည်သော  မြန်မာ့ရိုးရာ ပွဲပင်ဖြစ်သည်။

ကျောက်ဆည်မြို့ရောက် ဧည့်သည်များမှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်ရုပ်ငယ်များကို ဝယ်ယူလေ့ရှိသည်။ ဆင်ရုပ်ငယ်များမှာ မိုစနစ်ကိုသုံးကာ စက္ကူဖြင့် လှပစွာ ပြုလုပ်ရောင်းချပြီး ရိုးရိုးဆင်ဘော်ကြယ်ဆင် ဟူ၍ ကွဲပြားကာ ဈေးနှုန်း ပြောင်းလဲ သွားတတ်သည်။

ကျောက်ဆည်ဆင်ပွဲလာပရိသတ်များမှာ ဆင်ပွဲလာရင်း ဆင်ရုပ်ကလေးများကို အမှတ်တရ ဝယ်ယူခြင်း၊ ဆင်လှူပွဲအတွက် ဆင်ရုပ်ငယ်များကို  ဝယ်ယူခြင်းများ ပြုလုပ်သည့် အတွက် ဆင်ရုပ်ရောင်းသူများက ကြိုတင် မှာထားကြရသည်။ လက်မှုလုပ်ငန်း ဖြစ်သည့် အားလျော်စွာ လိုသလောက်မရသည့် အခက်အခဲများ ကြုံတွေ့ရသည့်အတွက် ဝါခေါင်လမှစတင်ကာ ဆင်ရုပ်များကိုကြိုတင်ဝယ်ယူနေကြရသည်။ လက်ရှိကာလတွင် ဆင်အသေး တစ်ကောင်လျှင် ငွေကျပ် ၁၂ဝဝ၊ အလတ်တစ်ကောင်လျှင် ငွေကျပ် ၃ဝဝဝ နှင့်ဆင်ရုပ်အကြီး တစ်ကောင်လျှင် ငွေကျပ် ၇၅ဝဝ ဖြင့် ဖောက်သည်ပေး ရောင်းချလျက်ရှိပြီး တစ်ဆင့်ပြန်ရောင်းသူများမှာ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချကြ သည်။ ဆင်ရုပ်အသေးအကြီး ကွာခြားခြင်း၊ ဘော်ကြယ်ပါခြင်း၊ မပါခြင်းအပေါ် မူတည်ကာ ဈေးနှုန်းကွဲပြားသွားပြီး ကျောက်ဆည် ဆင်ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ ၁၅ ရက်တွင် ကျင်းပကြကြောင်း သိရသည်။ 

Read 76 times Last modified on Friday, 06 September 2019 11:50