SJ WorldNews - шаблон joomla Авто

ရွှေဝယ်ယူစုဆောင်းသူ များလာခြင်းကြောင့် ရန်ကုန် ရွှေဈေးနှုန်းများ စံချိန်တင် ဆက်လက်မြင့်တက်

Friday, 06 September 2019 12:09 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ရွှေဈေးကွက်၌  ရွှေဝယ်ယူစုဆောင်းသူ များပြားလာခြင်းကြောင့်   ရွှေဈေးနှုန်းများ စံချိန်တင် ဆက်လက်မြင့်တက်လျက် ရှိကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၆ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၅၄၆ ဒေါ်လာရှိပြီး  ရန်ကုန်ရွှေဈေးကွက် အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင်   ငွေကျပ် ၁၃ဝ၇ဝဝဝ ဖြင့် စံချိန်တင် ဆက်လက် မြင့်တက်နေကာ ပြည်တွင်းငွေ လဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၁၅၄၂ ကျပ် ဈေးနှုန်းရှိကြောင်း သိရသည်။           

''ရွှေဆိုင်တွေမှာလာဝယ်တာ ရှိသလို မီးလင်းဈေးကွက်မှာလည်း  လာဝယ်တာတွေ ရှိတယ်။  နိုင်ငံတကာရွှေဈေးကလည်း  နေ့စဉ်လိုလို  အမေရိကန် ၁ဝ ဒေါ်လာ၊ ၁၅    ဒေါ်လာလောက် တက်နေတယ်။

အရင်က  ရွှေဈေးတက်ရင်  အမေရိကန် ဒေါ်လာဈေးကျပေမယ့် အခု အမေရိကန် ဒေါ်လာဈေးကလည်း မြင့်တက်နေတယ်''ဟု  အဆိုပါအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။

လတ်တလောတွင်   ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်ခြင်း၊  ပြည်တွင်းငွေ လဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် ကုန်ကြမ်းရရှိမှု နည်းပါးခြင်းတို့အပြင် ယခုရက်ပိုင်းအတွင်း တစ်ဦးလျှင် အခေါက်ရွှေ  ၁ဝ ကျပ်သားမှ သုံးပိဿာအထိ  ဝယ်ယူမှု များပြားလာသဖြင့် ရွှေဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Read 86 times Last modified on Friday, 06 September 2019 12:10