SJ WorldNews - шаблон joomla Авто

မြန်မာကျပ်ငွေဖြင့်ရောင်းချမည့် ပထမအကြိမ် ကျောက်မျက်ရတနာပြပွဲ မန္တလေးမြို့၌ ကျင်းပမည်

Monday, 09 September 2019 11:21 font size decrease font size decrease font size increase font size increase font size

ကျောက်စိမ်းအချောထည်လုပ်ငန်း  လုပ်ကိုင်နေသူများ ကုန်ကြမ်းလွယ်ကူစွာ ရရှိစေရေး၊  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့်   မန္တလေးတိုင်း ဒေသကြီး  အခွန်ဘဏ္ဍာငွေ ရရှိစေရေး ရည်ရွယ်၍  မြန်မာကျပ်ငွေဖြင့် ရောင်းချမည့်   ပထမအကြိမ် ကျောက်မျက်ရတနာပြပွဲကို ချမ်းမြသာစည်မြို့နယ် မန္တလေးကွန်ဗင်းရှင်းစင်တာ၌ အောက်တိုဘာ ၂ဝ ရက်မှ ၂၆ ရက်အထိ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မျက်ရောင်းချပွဲတွင် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့်  စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးဒေသ ကျောက်စိမ်းမှော်များမှ ထွက်ရှိသော အရည်အသွေးမီ ကျောက်စိမ်းအရိုင်းတွဲ ၂ဝဝဝ ကျော်ကို ခင်းကျင်းပြသပြီး   မြန်မာငွေဖြင့်   ရောင်းချပေးမည်ဖြစ်သည်။

မန္တလေးမြို့တွင် ပုတီး၊ လက်ကောက်၊ ချပ်ဝိုင်းကျောက်စိမ်း အချောထည်  လုပ်ကိုင်သူများရှိပြီး ယခင်က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်များနှင့် နေပြည်တော် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့်  ကျောက်မျက် ရတနာပြပွဲများသို့  ကုန်ကြမ်းကျောက်စိမ်း အရိုင်းများ   သွားရောက် ဝယ်ယူကာလုပ်ကိုင်ကြရသည်။

မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းသို့ ကျောက်စိမ်း အချောထည်ဝိုင်းလည်း  နေ့စဉ်ဖွင့်လှစ်ထားပြီး  တရုတ်နိုင်ငံမှ ဝယ်လက်များ အရည်ပွင့်၊ ပုတီးနှင့်   ကျောက်စိမ်းလက်ကောက်များ လာရောက် ဝယ်ယူလျက် ရှိကြောင်း သိရသည်။

Read 61 times Last modified on Monday, 09 September 2019 11:22