SJ WorldNews - шаблон joomla Авто

မိုင်းယုဒေသရှိ တောင်သူများ မိုးရာသီ အစေ့ထုတ်ပြောင်းဧက ပိုမိုစိုက်ပျိုး ရောင်းချလျက်ရှိ

Thursday, 10 October 2019 09:51 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် ဒေသခံ တောင်သူများက   မိုးရာသီအစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် ယခင်နှစ်ထက် ယခုနှစ်တွင် ဧကပိုမိုစိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။

မိုင်းယုဒေသတွင် ပြောင်းအမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ မိုးရာသီအစေ့ထုတ် ပြောင်းကိုသာ အဓိကအားထား စိုက်ပျိုးလျက်ရှိပြီး   အထူးသဖြင့် ထိုင်းမျိုးစေ့များကိုသာ ရွေးချယ် စိုက်ပျိုးကြောင်း၊  ၎င်းမျိုးစေ့သည့် ဖူးတံကြီးပြီး  အစေ့အပြည့်ပါရှိ၍ ရွေးချယ်စိုက်ပျိုးရခြင်း ဖြစ်ကြောင်း၊ မိုင်းယုဒေသတွင်    မိုးရာသီနှင့် ဆောင်းရာသီ၌သာ ရွေးချယ် စိုက်ပျိုးလျက်ရှိပြီး   မိုးရာသီတွင် ထွက်သောပြောင်းမှာ ဆောင်းရာသီတွင်ထွက်သော ပြောင်းထက်အထွက်နှုန်း

များ၍ အကျိုးအမြတ် များစွာရရှိသည်။

မိုင်းယုဒေသတွင် မိုးရာသီအစေ့ထုတ်ပြောင်းကို တန်ခူးလတွင် စတင်စိုက်ပျိုးပြီး   တော်သလင်းလတွင် ရိတ်သိမ်းရသည်။ စိုက်ပျိုးစတွင် စိုက်ပျိုးမြေအား  ထယ်တစ်ထပ်၊ ထွန်နှစ်ထပ်မွှေကာ စိုက်ကြောင်း ဆွဲပြီး  မြေသြဇာ တစ်ဧကလျှင် အိတ်ဝက်ခန့်ထည့်ကာ တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲခန့်ခြား၍ စိုက်ပျိုး ရကြောင်း၊ အပင်ကိုရက်သား အရွယ်တွင်  သားခွဲ၍ မြေသြဇာကျွေးခြင်း၊ တစ်လခွဲအရွယ်တွင် ပေါင်းလိုက်ခြင်းနှင့် မြေသြဇာထပ်မံ ကျွေးခြင်း၊ သုံးလခွဲခန့်အကြာတွင်ပြောင်းကို စတင် ရိတ်သိမ်းနိုင်ကြောင်းနှင့် အစေ့ထုတ်ပြောင်းကို  ယမန်နှစ်က ၁၈၈၅ ဧကသာ  စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင် စုစုပေါင်းဧက၂ဝဝဝ ကျော် စိုက်ပျိုးလာကြောင်း သိရသည်။ 

Read 74 times Last modified on Thursday, 10 October 2019 09:52