SJ WorldNews - шаблон joomla Авто

ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ဘဲဥ သုံးသိန်း ဝန်းကျင်ဝင်ရောက်

Wednesday, 06 November 2019 09:53 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီးမှ  ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ဘဲဥအလုံးရေ သုံးသိန်းဝန်းကျင်အထိ ဝင်ရောက်လျက်ရှိကြောင်း   မြန်မာနိုင်ငံ  ကြက်ဥ၊ ဘဲဥ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အစုအဖွဲ့ အတွင်းရေးမှူး ဦးကြည်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

လတ်တလောတွင်  ပြည်ပမှ ဘဲဥများ ဝင်ရောက်မှုမရှိဘဲ ဧရာဝတီတိုင်းဒေသကြီးရှိ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ မြောင်းမြ စသည့် မြို့နယ်တို့မှ     အဓိကဝင်ရောက် လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးမှလည်း အနည်းငယ် ဝင်ရောက်လျက်ရှိသည်။ ဧရာ ဝတီတိုင်းဒေသကြီးမှ  ရေလမ်းကြောင်းမှ တစ်ဆင့် တစ်ရက်လျှင် ပျမ်းမျှ ဘဲဥအလုံး ရေ နှစ်သိန်းခွဲမှ သုံးသိန်းဝန်းကျင် ဝင်ရောက်လျက်ရှိပြီး    မန္တလေးတိုင်း ဒေသကြီးမှလည်း  အဝေးပြေးဝင်းများမှ တစ်ဆင့် ဝင်ရောက်လျက်ရှိသည်။

ယခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး အောက်ပိုင်း၌  ဘဲအကောင်ရေ တိုးချဲ့ မွေးမြူမှုများရှိပြီး   လတ်တလော   ဘဲဥအထွက်နှုန်း နည်းပါးနေသေးသော်လည်း နောက်ပိုင်းတွင် ပိုမိုထွက်ရှိလာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဘဲဥတစ်လုံးလျှင် လက်ကားဈေးငွေကျပ် ၁၁ဝ မှ ၁၁၅ ကျပ် ဝန်းကျင်ရှိပြီး  ဘဲဥအထွက်နှုန်း များပြားလာပါက   ဈေးနှုန်းထပ်မံ ကျဆင်းလာနိုင်သော်လည်း လက်ရှိဈေးနှုန်းသည် စားသုံးသူများအတွက် သင့်တင့်သည့် ဈေးနှုန်းဖြစ်ကြောင်း၊  ပြည် တွင်း၌ ဘဲဥအထွက်နှုန်းမှာ  စားသုံးမှုအတွက်     လုံလောက်စွာ မရရှိချိန်တွင် ပြည်ပမှဝင်ရောက်လေ့ရှိပြီး တစ်လုံးလျှင် ငွေကျပ်  ၂ဝဝ  အထိ  ဈေးနှုန်းမြင့်တက်လေ့ ရှိကြောင်း သိရသည်။ အပူချိန်မြင့်မားသည့် ကာလများတွင် ဘဲဥအထွက်နှုန်း ကျဆင်းလေ့ရှိပြီး ယင်းကာလများ၌ ထိုင်းနိုင်ငံမှ တင်သွင်းလေ့ရှိကြောင်း၊ ယင်းဘဲဥများကို  မော်လမြိုင်မြို့မှတစ်ဆင့် ရန်ကုန် မြို့သို့ မှာယူတင်သွင်းလေ့ ရှိကြောင်း သိရသည်။

Read 51 times Last modified on Wednesday, 06 November 2019 09:54