SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံသို့ တစ်နှစ်လျှင် ပဲတီစိမ်းတန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်

Thursday, 07 November 2019 09:20 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းမှထွက်ရှိသည့် ပဲတီစိမ်းကို တရုတ်နိုင်ငံသို့  တစ်နှစ်လျှင်  တန်ချိန် တစ်သိန်းကျော် တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး  ဦးမျိုးသူ၏ ပြောပြ ချက်အရ သိရသည်။

''ပဲတီစိမ်းက တရုတ်နိုင်ငံကို အများဆုံး တင်ပို့နေတာ ဖြစ်ပါတယ်။ မတ်ပဲကိုတော့ နည်းနည်းပဲ တင်ပို့နိုင်တယ်။ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့    တောင်ကိုရီးယားနိုင်ငံတွေကို အရည်အသွေးမြင့် ပဲတီစိမ်းရွှေဝါ တင်ပို့တယ်။ ဒါကြောင့်  လက်ရှိမှာ   ပဲတီစိမ်း ဈေးကွက် ကောင်းတယ်လို့ ပြောလို့ရတယ်'' ဟု ဦးမျိုးသူကပြောသည်။

ပဲတီစိမ်းကို  တရုတ်၊  ဥရောပသမဂ္ဂ၊ စင်ကာပူ၊ မလေးရှား၊  ဖိလစ်ပိုင်၊  ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့  တင်ပို့လျက် ရှိသော်လည်း အိန္ဒိယနှင့် တရုတ်ဈေးကွက် သည်    အရည်အသွေး အနိမ့်အမြင့်ကို အမျိုးအစားအလိုက် ခွဲခြားဝယ်ယူကြောင်း သိရသည်။

ပြည်ပသို့တင်ပို့ရာတွင် ပဲတီစိမ်း အညာ  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ မှ  ၈ဝဝ  ကြား၊ပခုက္ကူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၈ဝ မှ ၈၃ဝ ကြား၊ ရွှေဝါအကြီး တစ်တန်လျှင်  အမေရိကန် ဒေါ်လာ ၉၅ဝ မှ ၁ဝဝဝ ကြား၊ အခွံချွတ် အလုံးကြီး အခြမ်းတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၉၄ဝ မှ ၁ဝ၅ဝ ကြား အသီးသီး ဈေးရှိသည်။

မြန်မာ့ပဲတီစိမ်းသည်လက်ရှိဈေး ကောင်းရနေသည့် အနေအထားအတိုင်း ရေရှည်ဖြစ်တည်ရန် လိုအပ်နေသကဲ့သို့ ပြည်ပဈေးကွက်သို့ ပဲမျိုးစုံတင်ပို့ရာတွင် ရေရှည်ကုန်သွယ်မှု ဆက်ဆံရေး  ရရှိရန်လည်း လိုအပ်သည်။

ပဲဈေးကွက်  စဉ်ဆက်မပြတ်ရရှိရေး၊ ဈေးကောင်း ရရှိရေး၊ မြန်မာ့ပဲမျိုးစုံ ဈေးကွက်  ခိုင်မာမှုရှိရေး၊ ရေရှည်ကုန်သွယ်မှု ရရှိရေး နှင့်  ပြည်တွင်းပဲဈေးကွက်  ဆက်လက် အားကောင်း လာစေရေးတို့ အတွက် အစိုးရ အပါအဝင်   သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ  တာဝန်ရှိသူများ   ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ကုန်သည်များက သုံးသပ် ပြောသည်။

Read 56 times Last modified on Thursday, 07 November 2019 09:21