SJ WorldNews - шаблон joomla Авто

ကလေးဝဒေသထွက် ရက်ကန်းထည်များ မှာယူမှုများပြား

Friday, 08 November 2019 08:56 font size decrease font size decrease font size increase font size increase font size

ကလေးဝ  နိုဝင်ဘာ 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်  ကလေးဝမြို့နယ် ကိုင်းကျေးရွာ၌ ရက်ကန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိရာ  ယခုအခါ  ကလေးဝဒေသထွက် ရက်ကန်းထည်များကို မှာယူမှု များပြားလာကြောင်း သိရသည်။

ရက်ကန်းထည်များကို  သီတင်းကျွတ် ပွဲတော်နှင့် တန်ဆောင်တိုင် ပွဲတော်ကာလများတွင် မှာယူမှု များပြားလာသဖြင့် ရက်ကန်းလုပ်ငန်းကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။

ယခုရက်ပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် ရက်နီးလာခြင်းကြောင့်  အမျိုးသမီးများ ဝတ်ဆင်သည့် လုံချည်များပို၍ ရက်လုပ်လျက်ရှိသည်။ 

လုံချည်ဈေးနှုန်းမှာ တစ်ကွင်းလျှင် ငွေကျပ် ၈ဝဝဝ မှ ၈၅ဝဝ ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းမှာ  ဟားခါးချိတ်တစ်ထည်လျှင်   ငွေကျပ် ၂၅ဝဝဝ မှ ၅ဝဝဝဝ အထိ ပေါက်ဈေးရှိကြောင်း ကိုင်းကျေးရွာ ရက်ကန်းရက်လုပ်သူများထံမှ သိရသည်။

''ရက်ကန်းရက်လုပ်တဲ့အခါမှာ ချားဆွဲ၊  နှတ်ထိုး၊   အပွင့်ဖော်၊   ချည်ထုပ်ကနေ ချည်ထည်တွေကို  အထည်ရက်လုပ်ရာမှာ အထည်ခွဲစိတ်မှု၊  တွက်ချက်မှု၊  အတိုင်ချားဆွဲ၊   ချားလိပ်၊  ချည်လိပ်ကနေ နှတ်ကော်၊ ဖဲနှတ်ကောက်စတဲ့ ရက်ကန်းနည်း ပညာတွေကို ဆောင်ရွက်ရပါတယ်။ အခုလို  ရက်ကန်းထည်   မှာယူသူများပြားလာတဲ့ အတွက် ဒေသအတွင်း   အမျိုးသမီးတွေ အတွက်   အလုပ်အကိုင် အခွင့်အလမ်းရရှိလာပြီး    တစ်ဖက်တစ်လမ်းကနေလည်း ဝင်ငွေတိုးပွားစေပါတယ်'' ဟု ကိုင်းကျေးရွာမှ  ရက်ကန်းရက်လုပ်သူ ဒေါ်အဲမေကပြောသည်။

ချည်ထည်ပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းချည်ထည်များမှာ အိန္ဒိယချည်၊ တရုတ်ချည်တို့ဖြစ်ပြီး ကလေးဝမြို့ ရွှေလွန်းအိမ် ရက်ကန်းပစ္စည်းရောင်းဝယ်ရေးမှ တစ်ဆင့်ဝယ်ယူရက်လုပ်ကြသည်။ ကုန်ချောဖြန့်ဖြူးရောင်း ချရာတွင် ဒေသတွင်း ကလေးဝမြို့နယ်  ကိုင်း၊ ဇီးဒေါင့်၊  ကလေးမြို့နယ်၊   ချင်းပြည်နယ်   ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့အထိ  ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။   

Read 43 times Last modified on Friday, 08 November 2019 08:57