SJ WorldNews - шаблон joomla Авто

စားတော်ပဲကို ကုလားပဲ အစားထိုးအဖြစ် သုံးစွဲမှုမြင့်တက်လာသော်လည်း ဈေးနှုန်း ဆက်တိုက်ကျဆင်း

Thursday, 14 November 2019 09:15 font size decrease font size decrease font size increase font size increase font size

စားတော်ပဲကို ကုလားပဲ အစားထိုးအဖြစ် သုံးစွဲမှုမြင့်တက်လာသော်လည်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်းလျက် ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။

““အရင်နှစ်တွေတုန်းက သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းလတွေမှာ    ပဲခွဲစက်တွေ အလုပ်ဖြစ်တယ်။ ဒီနှစ်မှာတော့ စားတော်ပဲတွေ ၀င်လာတဲ့အတွက် ကုလားပဲခြမ်းကို ၀ယ်ယူမှုနည်းလာလို့  စက်တွေရပ်နားထားရတယ်။ စားတော်ပဲကို ဈေးလျှော့ရောင်းချ နေတဲ့အတွက်   ကုလားပဲဈေး တက်မလာတော့ဘူး။ အရည်အသွေးကလည်း မညံ့ပါဘူး။ ဈေးကွက်အတွင်းမှာ စားတော်ပဲ တင်သွင်းလို့  ပဲခွဲစက်သမားတွေ  ထိခိုက်မှု ရှိပေမယ့် တအားကြီး ထိခိုက်တာမျိုးတော့   မဖြစ်ပါဘူး”” ဟု  မန္တလေးမြို့ရှိ  ကြယ်စင်မင်း ပဲခွဲစက်ပိုင်ရှင် ဦးသိန်းဦး ကပြောသည်။

လက်ရှိတွင်  တရုတ်နိုင်ငံမှ  ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်သွင်းလာသော စားတော်ပဲများသည် မန္တလေးဈေးကွက် အတွင်းသို့      ရောက်ရှိနေခြင်းကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်ပြီး   တောင်သူများနှင့်  ကုန်သိုလှောင်သူများကို   ပိုမိုအခက်တွေ့စေနိုင်ကြောင်း သိရသည်။

ဈေးကွက်အတွင်း  အောက်တိုဘာ နောက်ဆုံးပတ်က စားတော်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၇၈၀၀၀ မှ ၆၃၀၀၀ အထိ ဈေးကျဆင်းခဲ့ပြီး ကုလားပဲဈေးနှုန်းမှာလည်း သုံးတင်းဝင်     တစ်အိတ်လျှင် ငွေကျပ်  ၈၅၀၀၀  မှ  ၇၈၀၀၀  အထိ ဈေးကျဆင်းကာ   အရောင်းအ၀ယ် အေးလျက်ရှိသည်။

““ကုလားပဲအစားထိုး သုံးစွဲနေတဲ့အတွက် ပဲခွဲစက်တွေ ထက်ဝက်လောက်ပဲ စားတော်ပဲ  ကြိတ်ခွဲနိုင်တော့တယ်။ ပြည်ပက တင်သွင်းတဲ့ပဲတွေကြောင့် ဈေးကျလာလို့ လှောင်တဲ့သူ၊      စက်ပိုင်နဲ့ စိုက်ပျိုးသူတွေ  အကုန်အခက်တွေ့ စေပါတယ်”” ဟု မန္တလေးမြို့ရှိ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

ပြည်တွင်း၌ စားတော်ပဲ စိုက်ဧကပေါင်း ၁၂ဝဝဝဝ ကျော်မှ  တန်ချိန်  ၉၆၀၀၀ ကျော် ထွက်ရှိပြီး စားတော်ပဲကို ပြည်တွင်း၌ အစားအစာနှင့်  တိရစ္ဆာန်အစာအဖြစ် သုံးစွဲမှုပိုများကြောင်းနှင့်  ကုလားပဲ  စိုက်ဧကပေါင်း  ၈၉ဝဝဝဝကျော်မှ  တန်ချိန် ၅၆ဝဝဝဝခန့်ထွက်ရှိပြီး ထိုထဲမှ ပြည်တွင်း သုံးစွဲမှု တန်ချိန် ၁၃ဝဝဝဝ ကျော်၊  ပြည်ပသို့ တန်ချိန် ၃ဝဝဝဝ ကျော်မှ ၈ဝဝဝဝ ကြား တင်ပို့နေရကြောင်း  သိရသည်။

ပြည်တွင်း၌ ကုလားပဲကို နေပြည်တော်၊ ရန်ကုန်၊  မန္တလေး၊  ပဲခူး၊  စစ်ကိုင်းနှင့်  ဧရာဝတီတိုင်းဒေသကြီးတို့၌   အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

Read 44 times Last modified on Thursday, 14 November 2019 09:16