SJ WorldNews - шаблон joomla Авто

ဖရဲတစ်တန်လျှင် ယခင်တစ်ပတ်ထက် ယွမ် ၅၀၀ ခန့် ဈေးပိုရလာ

Wednesday, 11 December 2019 09:16 font size decrease font size decrease font size increase font size increase font size

မူဆယ်ဈေးကွက်အတွင်း ဆောင်းရာသီစိုက်  ဖရဲနှင့်သခွားမွှေးများ  ၀င်ရောက်လာမှုနှင့်အတူ  အရည်အသွေးကောင်း အသီးများ   ပိုမိုတင်ပို့လာသည့် အတွက် လက်ရှိတွင် ဖရဲတစ်တန်လျှင် ယခင်တစ်ပတ်ထက် ယွမ် ၅၀၀ ခန့် ဈေးပိုရလာကြောင်း ပွဲရုံများထံမှ သိရသည်။

ဒီဇင်ဘာလအတွင်း  တရုတ်မုန့်စားပွဲတော်၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များ ရှိသည့်အတွက်  ဖရဲ၊  သခွားမွှေးဈေးကွက်   ၀ယ်လိုအား မြင့်တက်လာသဖြင့် မူဆယ်ဈေးကွက်၌ ဖရဲ၊ သခွားမွှေး ဈေးနှုန်းများ  ဆက်လက်မြင့်တက် လာနိုင်သည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

လက်ရှိ  တရုတ်နိုင်ငံ၌  ဖရဲသီးရာသီ ကုန်ဆုံးနေပြီဖြစ်၍  မူဆယ်ဈေးကွက်သို့ ဒီဇင်ဘာလဆန်းရက်များတွင် ဆောင်းရာသီစိုက် ဖရဲနှင့်သခွားမွှေးများ အ၀င်များလာပြီး  ၀ယ်လိုအား ကောင်းသည့်အတွက် အရည် အသွေးကောင်းသော အသီးများကိုသာ ထိန်းညှိတင်ပို့သင့်ကြောင်း မူဆယ်ဈေးကွက်အတွင်းရှိ  ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေးများ ထုပ်ပိုးတင်ပို့ရာတွင်  ထုပ်ပိုးမှုစရိတ်ကြီးမြင့်မှုနှင့်  ဈေးကွက်ရရှိမှု  နည်းပါးခြင်းတို့ကြောင့် ဖွဲကပ်၊ ကောက်ရိုးနှင့် ပြည်တွင်းထုတ် ဂျပ်ဖာများဖြင့်သာ တင်ပို့နေရသဖြင့် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် ဖရဲစိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် ငွေကျပ် ၅၂ သိန်းခန့် ကုန်ကျပြီး ဒီဇင်ဘာ    ရက် အမြင့်ဈေးနှုန်းဖြင့်တွက်ချက်ပါက ဖရဲ ၁၇ တန်ဆံ့ ကားတစ်စီးလျှင် ငွေကျပ် သိန်း  ၉၀  ကျော်အထိ ဈေးရရှိသဖြင့် အကျိုးအမြတ် များလာကြောင်း သိရသည်။

ထို့ပြင် ဖရဲ၊ သခွားမွှေး တင်ပို့ရာတွင် ကုန်ကားရှားပါးမှုကြောင့် တန်ဆာခအနေဖြင့် ဖရဲ ၁၇ တန်ဆံ့  ကားတစ်စီးလျှင် ငွေကျပ် ၁၄ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ပေး၍ ငှားရမ်းနေရပြီး နိုဝင်ဘာ လဆန်းပိုင်းမှစ၍ ကားငှားရမ်းရမှု ခက်ခဲလာကာ  ယခုကဲ့သို့  ငှားရမ်းခဈေးနှုန်းများ လိုက်ပါမြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၉ ရက်က မူဆယ်ဈေးကွက်သို့ ဖရဲကားအစီးရေ ၁၁၃ စီး၊ ဂျပ်ဖာဖြင့် ထုပ်ပိုးထားသည့် ဖရဲကားအစီးရေ ၁၃၄ စီးနှင့် သခွားမွှေးကား အစီးရေ ၈၈ စီးခန့် ၀င်ရောက်လာပြီး  ၈၅၅   ဖရဲတစ်တန်လျှင်   ယွမ် ၂၂၀၀ မှ ၂၈၀၀၊ ထိုင်ဝမ်ဖရဲတစ်တန်လျှင် ယွမ် ၂၈၀၀ မှ ၃၂၀၀၊ သခွားမွှေးတစ်ကီလိုလျှင် ၁ ဒသမ ၈ ယွမ်မှ ၃ ဒသမ ၅ ယွမ်၊ ၀ူခုန်းသခွားမွှေး တစ်ကီလိုလျှင် ၄ ဒသမ ၅  ယွမ်မှ  ၅ ဒသမ ၅ ယွမ် ဈေးနှုန်း အသီးသီးရှိရာ ဖရဲတစ်တန်လျှင် ယခင်တစ်ပတ်ထက် ယွမ်  ၅၀၀ ခန့် ဈေးပိုရလာကြောင်း သိရသည်။ 

Read 79 times Last modified on Wednesday, 11 December 2019 09:17