SJ WorldNews - шаблон joomla Авто

မင်းတပ် ဝဥခြောက်စက်ရုံမှ ထွက်ရှိသည့် ထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့မည်

Wednesday, 11 December 2019 09:29 font size decrease font size decrease font size increase font size increase font size

ယခုလအတွင်း ချင်းပြည်နယ် မင်းတပ်မြို့နယ်၌  ဖွင့်လှစ်မည့် ဝဥခြောက်စက်ရုံမှ ထွက်ရှိသည့် ဝဥခြောက်များကို မူဆယ်နယ်စပ်မှတစ်ဆင့်  တရုတ်နိုင်ငံသို့  တိုက်ရိုက်တင်ပို့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ ဝဥစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ  ဦးကျော်သူ၏ ပြောဆိုချက်အရ သိရသည်။

လတ်တလောတွင် ချင်းပြည်နယ်မှ ထွက်ရှိသည့် ဝဥများကို အစိုအတိုင်းသာ မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပြီး စက်ရုံဖွင့်လှစ်ပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်သည်။

''မင်းတပ်မှာ ဝဥခြောက်စက်ရုံရှိလာရင် ဝဥခြောက်ကုန်ချောတွေ ရရှိမှာပါ။ ကုန်ကြမ်းရောင်းရတာထက်စာရင် ကုန်ချောရောင်းရတာ ပိုအဆင်ပြေတယ်။ အခုစာချုပ်တွေလည်း ချုပ်ထားပါတယ်''ဟု ဦးကျော်သူကပြောသည်။

ထို့ပြင် စက်ရုံပြီးစီးပါက ဝဥတန်ချိန်အစို  ၁၅  တန်၊  ဝဥခြောက်  နှစ်တန်မှ သုံးတန်ကြားထွက်ရှိမည်ဖြစ်ရာ စုစုပေါင်း တန်ချိန် ၂ဝ ဝန်းကျင်ထွက်ရှိနိုင်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်မှ  ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလအထိ ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်နှင့် မတူပီမြို့နယ်တို့၌ UK-aid^ DaNa Facility ၏ အကူအညီဖြင့် ထောပတ်၊ ကော်ဖီ၊ ဝဥသီးနှံများ တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းများတွင် ပါဝင်သည့် တောင်သူ ၈ဝဝ ကျော်၏ ငွေကြေးဖြင့် ယခုဖွင့်လှစ်မည့် ဝဥခြောက်စက်ရုံကို တည်ဆောက်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်တောင်ပိုင်း သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

ယင်းဝဥခြောက်စက်ရုံ မြေနေရာ၊ စက်ပစ္စည်းနှင့်  တစ်နှစ်ပတ်လုံးထုတ်လုပ်ရန် ကုန်ကြမ်းများအပါအဝင် စုစုပေါင်း ငွေကျပ် သိန်းပေါင်း တစ်သောင်းခန့် အကုန်အကျခံကာ  တည်ဆောက်ထားကြောင်း  သိရသည်။

နေနေ

Read 83 times Last modified on Wednesday, 11 December 2019 10:22