SJ WorldNews - шаблон joomla Авто

ပန်းတနော်မြို့နယ်၌ သင်ဖြူးဖျာ ရက်လုပ်ရောင်းချသူများ စီးပွားရေး အဆင်ပြေ

Wednesday, 11 December 2019 09:44 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်း ဒေသကြီး ပန်းတနော်မြို့နယ် အတွင်းရှိ ကျေးရွာများ၌  သင်ဖြူးဖျာရက်လုပ် ရောင်းချခြင်းကို အဓိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး လက်ရှိကာလတွင် ဈေးကောင်းရရှိကာ အရောင်းအ၀ယ် ကောင်းမွန်သည့် အတွက် သင်ဖြူးဖျာလုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် နှစ်စဉ်ရေလွှမ်းမိုးခံရသည့် ရေနက်ကွင်း များသည့်အတွက် စပါးထက်ဖျာ ရက်လုပ်နိုင်သည့် သင်ပင်ကိုသာ  အဓိက စိုက်ပျိုးကြကြောင်းနှင့် ဒေသခံများ အနေဖြင့် သင်ဖြူးဖျာရက်လုပ် ရောင်းချခြင်းလုပ်ငန်းကို ဘိုးဘွားစဉ်ဆက် မိရိုးဖလာ    စီးပွားရေး လုပ်ငန်းအဖြစ် လက်ဆင့်ကမ်း  လုပ်ကိုင်သူများကြောင်း ရွှေလက်ဆောင်ဖျာနှင့်    ကြိမ်ထည်ပစ္စည်းမျိုးစုံ    ရောင်းချသူတစ်ဦးက ပြောသည်။

““ဒီသင်ဖြူးဖျာ ရောင်းချတဲ့လုပ်ငန်းကို လုပ်ကိုင်တာကတော့ ငါးနှစ်လောက်ရှိပါပြီ။ သင်ဖြူးဖျာ ရက်လုပ်တဲ့ လုပ်ငန်းကတော့ မိဘတွေ လက်ထက်ကတည်းကပါ။ဖျာရက်လုပ်တဲ့ အပိုင်းဆိုရင် အရင်ဆုံး သင်ပင်ကို တစ်ရက်ရေစိမ်ပြီး  လွှာထားရပါတယ်။

လွှာပြီးသားသင်တွေကို ရေခြောက်အောင် လှန်းပြီးမှ ဖျာရက်ရတာပါ။ ၀င်ငွေပုံမှန်ရရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ဖျာနှစ်ချပ်တော့ပြီးအောင် ရက်လုပ်နိုင်ကြပါတယ်။ ကျွမ်းကျင်သူတွေဆိုရင်တော့ သုံး၊ လေးချပ်ပြီးအောင် ရက်လုပ်နိုင်ပါတယ်”” ဟု သင်ဖြူးဖျာ ရက်လုပ်ရောင်းချသူ တစ်ဦးက ပြောသည်။

ပန်းတနော်မြို့နယ်မှ   ထွက်ရှိသည့် သင်ဖြူးဖျာများသည် ပုံမှန်ခြောက်ပေ အရှည်ဖြင့် တစ်ယောက်အိပ်ဖျာ၊ နှစ်ယောက်အိပ်ဖျာနှင့် ခုတင်ခင်းဖျာများအပြင် ခေါင်းအုံး၊ အနေကထိုင် အစရှိသည့် သင်ဖြူးဖျာ အရွယ်အစားမျိုးစုံနှင့် ဒီဇိုင်းအဆန်းများကိုပါ ရက်လုပ်လာကြသည်။ ဈေးနှုန်းမှာလည်း ဖျာအမျိုးအစားအလိုက် ငွေကျပ် ၁၀၀၀၀ ကျော်မှ ၃၀၀၀၀ ကျော်ထိရှိကာ အခြားမြို့နယ်များကိုပါ တင်ပို့ရောင်းချနေရသည့်အတွက် ရောင်းအား ကောင်းမွန်သည့် အပြင် ပွင့်လင်းရာသီဖြစ်သဖြင့် ဈေးအနည်းငယ် မြင့်တက်လာပြီး လုပ်ငန်း လုပ်ကိုင်သူများ စီးပွားရေး အဆင်ပြေကြကြောင်း သင်ဖြူးဖျာ ရောင်းချသူများထံမှ သိရသည်။

Read 81 times Last modified on Wednesday, 11 December 2019 09:45