SJ WorldNews - шаблон joomla Авто

ပဲခွဲစက် လုပ်ငန်းရှင်များ ကုလားပဲကို တိုးမြှင့် ၀ယ်ယူခြင်းကြောင့် အနည်းငယ် ဈေးနှုန်းမြင့်တက်

Friday, 24 January 2020 09:44 font size decrease font size decrease font size increase font size increase font size

ကုလားပဲကို ပြည်ပသို့တင်ပို့ရန် ၀ယ်ယူ သိုလှောင်မှု မရှိသော်လည်း      ပဲခွဲစက် လုပ်ငန်းရှင်များက တိုးမြှင့် ၀ယ်ယူလာခြင်းကြောင့်  ဈေးနှုန်း အနည်းငယ်မြင့်တက် လာကြောင်း   ကုန်သည်များထံမှ   သိရသည်။

ပဲခွဲစက်လုပ်ငန်းရှင်များက   ကုလားပဲ ၀ယ်ယူရာတွင် သိုလှောင်ရုံ ပိုးမွှားကင်းစင်စွာ ကာကွယ်မှုစနစ် ခိုင်မာသည့် ပွဲရုံများနှင့်  ချိတ်ဆက် ၀ယ်ယူလာပြီး ပွဲရုံပိုင်ရှင်များအနေဖြင့် သိုလှောင်ထားစဉ် ပိုးကျပါက မှိုင်းတိုက်ခြင်း၊ ပိုးပြန်လည် ကျရောက်ပါ က တစ်ပတ်တစ်ကြိမ် စစ်ပေးခြင်း၊ ပိုးသတ်ခြင်း၊ အပူချိန်တက်လျှင်   အပုံလိုက် လှန်ပေးခြင်း၊  သုံးလတစ်ကြိမ်  ပိုးသတ်ဆေးပက်ဖျန်းခြင်း စသည့် ကာကွယ်ရေး စနစ်များ ခိုင်မာစေရန် ဆောင်ရွက်ထား

ရကြောင်း သိရသည်။

လက်ရှိ   ကုလားပဲဈေးကွက်အတွင်း သုံးတင်းဝင် ကုလားပဲ(ထိုင်ဝမ်) တစ်အိတ်လျှင် ငွေကျပ် ၈၁၀၀၀ မှ ၈၃၀၀၀ ကြား၊ ကုလားပဲ(V2) ငွေကျပ် ၈၆၀၀၀ မှ ၈၇၅၀၀ ကြား၊ ကုလားပဲ(V7)  ငွေကျပ်  ၈၄၀၀၀ မှ ၈၅၀၀၀ ကြားရှိသည်။

မြန်မာနိုင်ငံ၌ ကုလားပဲစိုက် ဧကပေါင်း  ၈၉၀၀၀၀ ကျော်မှ တန်ချိန် ၅၆၀၀၀၀ ခန့် ထွက်ရှိကာ ထိုပမာဏထဲမှ ပြည်တွင်းသုံးစွဲမှု တန်ချိန် ၁၃၀၀၀၀ ကျော်ရှိပြီး ပြည်ပသို့ ဈေးကွက်အပေါ် မူတည်၍    တင်ပို့နေကြောင်း သိရသည်။

ပြည်တွင်း၌ ကုလားပဲကို နေပြည်တော် အပါအ၀င် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စိုက်ပျိုးကြောင်း သိရသည်။

Read 56 times Last modified on Friday, 24 January 2020 09:45