SJ WorldNews - шаблон joomla Авто

ကလိန်အောင်မြို့နယ်၌ ကြံစိုက်ပျိုးသူများ ဈေးကောင်း ရရှိ၍ အဆင်ပြေ

Monday, 27 January 2020 09:42 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့နယ်ရှိ ကြံစိုက်ပျိုးသူများ  ဈေးကောင်းရရှိသဖြင့် အဆင်ပြေကြကြောင်း သိရသည်။

““ကြံပင်တွေကို မိုးရာသီကာလ ကစတင်ပြီး   စိုက်ပျိုးရတာဖြစ်ပါတယ်။   ကြံပင်ကိုတော့  တခြား သီးနှံအပင်လို ဂရုစိုက်ပေးစရာမလိုဘူး။ ပေါင်တင်တာတွေနဲ့ မြေသြဇာ ကျွေးတာတော့ မရှိပါဘူး။ ကြံအဖတ်ကြမ်းကိုတော့  ခွာချပေး ရတယ်။ ကလိန်အောင်မြို့နယ်မှာ ကြံအမည်း တစ်မျိုးတည်းကိုသာ  စိုက်ပျိုးကြတယ်။ ထွက်ရှိတဲ့ ကြံပင်တွေကို မြို့အတွင်းမှာရှိတဲ့ အအေးဆိုင်တွေမှာ ကားနဲ့လိုက်လံရောင်းချကြသလို ခြံများမှာလည်း  လာရောက်ဝယ် ယူကြသူတွေရှိပါတယ်””ဟု ကြံစိုက်တောင်သူ တစ်ဦးက ပြောသည်။

ကြံဈေးနှုန်းမှာ ယခင်နှစ်က ၁၀ ချောင်းပါ အစီးတစ်စီးလျှင် ငွေကျပ် ၂၀၀၀၊ ၂၅၀၀ ဖြင့် ရောင်းချရပြီး လက်ရှိတွင် ၁၀  ချောင်းပါ အစီး  တစ်စီးလျှင် ငွေကျပ် ၄၅၀၀၊ ၅၀၀၀ ဖြင့် ရောင်းချရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများ၌     စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိပြီး ကြံပင်များကို ကလိန်အောင်မြို့ ရေပုံးကျေးရွာ၊ ဟိန္ဇကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ မိကျောင်းလှောင် ကျေးရွာတို့တွင် အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။         

Read 31 times Last modified on Monday, 27 January 2020 09:43