SJ WorldNews - шаблон joomla Авто

အမရပူရမြို့နယ်၌ ထိုင်ဝမ်ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်း

Monday, 10 February 2020 10:13 font size decrease font size decrease font size increase font size increase font size

အမရပူရ  ဖေဖော်ဝါရီ 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်  စာတိုးကျေးရွာတွင် ရာသီအလိုက်  စိုက်ပျိုးသီးနှံများကို ရွေးချယ်ချိန်ဆ စိုက်ပျိုးကြပြီး ထိုင်ဝမ်ပြောင်း စိုက်ပျိုးမှုမှာ တွက်ခြေကိုက်သည့် အတွက် နွေရာသီ သီးနှံအဖြစ် ထပ်မံ စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။   

ထိုင်ဝမ်ပြောင်း စိုက်ပျိုးရန်အတွက် ရေတင်ပြီးသည်နှင့် မြေတော်၊ ရေတော်အနေအထားတွင် ထယ်ထွန်ကာ ထယ်ရေးပြင်ကြရသည်။

မြေတစ်ဧကလျှင် အနည်းဆုံး နွားရှဉ်းခုနစ်ရှဉ်းမှ ဆယ်ရှဉ်းအထိ အသုံးပြုကြရသည်။ နွားရှဉ်းတစ်ရှဉ်း အငှားလိုက်လျှင် ငွေကျပ် ၈၀၀၀ ပေးရသည်။ 

ထယ်ရေးပြင်ပြီးသည်နှင့် ထိုင်ဝမ်ပြောင်းမျိုးစေ့ကို ထယ်ကြောင်းပေးကာ အတန်းလိုက် စိုက်ပျိုးခြင်းဖြင့် စတင် စိုက်ပျိုးကြရသည်။ ထိုင်ဝမ်ပြောင်းမျိုးစေ့ကို အထုပ်လိုက် ၀ယ်ယူရသည်။ တစ်ထုပ်လျှင်  ငွေကျပ် ၁၅၀၀၀ အထိပေးရပြီး  တစ်ဧကလျှင် လေးထုပ် စိုက်ပျိုးကြသည်။

ပြောင်းပေါင်များကို ရေတင်နိုင်ရန်နှင့် ပေါင်းပေါက်နိုင်ရန် ၁ ပေခန့် ခြားထားရသည်။ ပြောင်းစတင်စိုက်ပျိုးပြီး တစ်ပတ်ခန့်အကြာတွင် ပြောင်းပင်များပေါက်လေ့ရှိသည်။ အပင်ပေါက်သည်မှစကာ လိုအပ်သလို ရေတင်ခြင်း၊ မြေဆီကျွေးခြင်း၊ ပေါင်းပေါက်ခြင်းများကို ပြုလုပ်ကြရသည်။ စတင်စိုက်ပျိုးသည်မှ ပြောင်းဖူးရသည်အထိ သုံးလကျော် ကြာမြင့်ပြီး  ရာသီဥတု အခြေအနေအလိုက် ရေတင်ပေးကြရသည်။

လက်ရှိကာလတွင် အမရပူရမြို့နယ်ထဲရှိ ထိုင်ဝမ်ပြောင်း စိုက်ပျိုးသူများ ဖြစ်ထွန်းအောင်မြင်လျက် ရှိပြီး ထိုင်ဝမ်ပြောင်း တစ်ဧကလျှင် အဖူးသန်ပါက ငွေကျပ် ခြောက်သိန်းမှ ရှစ်သိန်းကျော်အထိ ပေးရကာ နွေရာသီ ထိုင်ဝမ်ပြောင်းဖူး ဈေးကွက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ထိုင်ဝမ်ပြောင်း စိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။ 

Read 61 times Last modified on Monday, 10 February 2020 10:14