SJ WorldNews - шаблон joomla Авто

ရော်ဘာဈေးနှုန်း ကျဆင်းခြင်းကြောင့် ထုတ်လုပ်ရောင်းချသူများ အခက်အခဲဖြစ်နေ

Thursday, 13 February 2020 10:45 font size decrease font size decrease font size increase font size increase font size

ယခုလရော်ဘာဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းခြင်းကြောင့် ရော်ဘာခြံများတွင် လက်ရှိရော်ဘာပေါက်ဈေးဖြင့် ထုတ်လုပ်ရောင်းချသူများ အခက်အခဲများ ကြုံနေရကြောင်း တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ရော်ဘာထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

ယခုလက်ရှိတွင် မှိုင်းခံရော်ဘာပြား အဆင့်(၃)တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀၊ အစေးရည် (DRC 100 %)တစ်ပိဿာလျှင် ငွေကျပ် ၂၄၀၀နှင့်ခွက်လုံး၊ ခွက်ခဲ(အသန့်)( DRC 100 %)တစ်ပိဿာလျှင်ငွေကျပ် ၂၄၅၀ သာရရှိပြီး ယခင်ကမှိုင်းခံ ရော်ဘာပြားအဆင့်(၃) တစ်ပိဿာလျှင် ငွေကျပ် ၂၆၅၀၊ အစေးရည် (DRC 100%)တစ်ပိဿာလျှင် ငွေကျပ် ၂၆၅၀ နှင့်ခွက်လုံး၊ ခွက်ခဲ(အသန့်)( DRC 100 %) တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ လောက်အထိ ရရှိရာမှ  ယခုလအတွင်း  ရော်ဘာဈေးနှုန်းများ ယခင်ကထက် ငွေကျပ် ၂၀၀၊ ၃၀၀ အထိကျဆင်းသွားသည်။

““အရင်က ရနေတဲ့ တစ်ပိဿာငွေကျပ်၂၆၅၀၊ ၂၇၀၀ ရတဲ့ဈေးမျိုးတောင် လုပ်ငန်း လည်ပတ်ယုံနိုင်သာရှိတာပါ။ အခုရော်ဘာဈေးက လုပ်သားငှားရမ်းခအတွက် လစဉ်ပေးချေနေရတဲ့ စရိတ်စက အသုံးစရိတ်နဲ့ဆို လုပ်ကိုင်ရတာ အဆင်မပြေဘူး””ဟုရော်ဘာခြံလုပ်ငန်းရှင် တစ်ဦးကပြောသည်။

မြိတ်မြို့နယ်တွင်   ရော်ဘာခြံများ၌ ရော်ဘာအစေးရည် ထုတ်လုပ်ခြင်း၊ ရော်ဘာအပြားနှင့် ခွက်လုံး၊ခွက်ခဲ ထုတ်လုပ်ရောင်းချခြင်းများကို များသောအားဖြင့် စက်တင်ဘာလ အတွင်းက စတင်လုပ်ကိုင်ကြပြီး မေလကုန်သည်အထိ ရော်ဘာများကို ထုတ်လုပ်ရောင်းချကြသည်။

ရော်ဘာလုပ်ငန်းများ စတင်လုပ်ကိုင်ရန် အတွက် လုပ်ငန်း မစတင်မီအချိန်ကပင် ကြိုတင်၍ ရော်ဘာခြစ်လုပ်သားများကို အပင်ကျဈေးလစာများ ပေးခေါ်ကြရသည်။

တချို့ရော်ဘာခြံများတွင် လုပ်သားရှားပါးမှုကြောင့် ဈေးကြီးပေးခေါ်ရသဖြင့် ရော်ဘာဈေးနှုန်းများ ထိုးဆင်းသွားသည့် အခြေအနေမျိုးတွင်  လုပ်သားခစရိတ်နှင့် ရော်ဘာ ထုတ်လုပ်ရေး စရိတ်စကများကြောင့် ၀င်ငွေ၊ ထွက်ငွေမကိုက်ဘဲ လုပ်ငန်းရေရှည် လည်ပတ်နိုင်ရန်ပင် အခက်အခဲများ ကြုံတွေ့ကြရကြောင်း ရော်ဘာထုတ်လုပ် ရောင်းချသူများထံမှ သိရသည်။

Read 56 times Last modified on Thursday, 13 February 2020 10:46